ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်ရှိ ဟွာဘိုတိုင်းအထည်ချုပ်စက်ရုံ ဒီဇင်ဘာလ ၂၈ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ဟွာဘိုတိုင်းအထည်ချုပ်စက်ရုံတွင် ယနေ့ နံနက် ၁၀ နာရီကျော်မှ စတင်ပြီး မီးလောင်မှုဖြစ်ပွားနေပြီး လက်ရှိအချိန် မီးငြိမ်းသတ်နေရကြောင်း ဒေသခံများမှ ပြောသည်။

“ ခုလောင်နေတုန်းပဲ အဝေးကနေမြင်နေရတယ်၊ ဘာလို့လောင်တယ်ဆိုတာတော့ မသိရသေဘူး။ မီးသတ်ကားတွေတော့ ရောက်နေပြီ”ဟု ဒေသခံ အငှားဆိုင်ကယ်မောင်းသူ အမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မီးလောင်ကျွမ်းသည် အထည်ချုပ်စက်ရုံသည် အလုပ်သမားများအား ပြီးခဲ့သည့် လပိုင်းက လျော့ချထားသည့် စက်ရုံဖြစ်ပြီး နံနက်ခင်း အလုပ်စတင်ဝင်ရောက်ပြီးနောက် နာရီပိုင်းအကြာတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

အထည်ချုပ်စက်ရုံ မီးလောင်ကျွမ်းမှနှင့် ပတ်သက်ပြီး ဘာကြောင့် မီးလောင်ကျွမ်းရသည့်ကို မသိရသေးကြောင်း ဒေသခံများမှ ပြောသည်။

ဓာတ်ပုံ – သတင်းအထူးတပ်ဖွဲ့ (ပုသိမ်)
#ပုသိမ်မြို့ #ဟွာဘိုတိုင်း #အထည်ချုပ်စက်ရုံ #မီးလောင် #Ayeyarwaddy_Times