
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၈ ရက်
အမေရိကန်နိုင်ငံရဲ့ ထိုင်ဝမ်သို့ စစ်လက်နက်တွေ ရောင်းချမှုနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက စစ် လက်နက်ကုမ္ပဏီ (၇) ခုနဲ့ ဆက်စပ်တဲ့ အကြီးတန်း အမှုဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့လိုက်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဒဏ်ခတ်ခံထိ စစ်လက်နက်ကုမ္ပဏီတွေထဲမှာ Insitu ၊ RTX’s Raytheon Canada ၊ Raytheon Australia နဲ့ Hudson Technologies တို့ပါဝင်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
အမေရိကန်နိုင်ငံဟာ ခန့်မှန်းချေ ဒေါ်လာ ၃၈၅ သန်း တန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူပြီးနောက် မကြာသေးမီက ထိုင်ဝမ်သို့ ဒေါ်လာ ၅၇၁ ဒသမ ၃ သန်းတန်ကြေးရှိ စစ်ရေးအကူ အညီပေးဖို့ အတည်ပြုခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ဟာ လက်အောက်ခံပြည်နယ်တစ်ခုလို့ တရုတ်နိုင်ငံက ဆိုထားပြီး အင်အားသုံး သိမ်းပိုက်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ပြောဆိုချက်ကို ပယ်ချခဲ့ပြီး ထိုင်ဝမ်ပြည်သူတွေကသာ သူတို့ရဲ့အနာ ဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။
ဝါရှင်တန်နဲ့တိုင်ပေကြား တရားဝင် သံတမန်ဆက်ဆံမှု မရှိပေမယ့် အမေရိကန်နိုင်ငံက ထိုင်ဝမ် ကို စစ်လက်နက်အကူအညီ ပေးပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် တရုတ်နိုင်ငံရှိ အဆိုပါကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ကာ တရုတ်နိုင်ငံရှိ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ်ခံထိပုဂ္ဂိုလ်တွေနဲ့ ကူးသန်း ရောင်းဝယ်ခွင့် ပိတ်ပင်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်ရဲ့ ထိုင်ဝမ်သို့ စစ်လက်နက်ရောင်းချမှုဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင် နက်နယ်မြေတည်တံ့မှုကို ထိခိုက်စေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး မော် နင်က ဒီဇင်ဘာလ ၂၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာဖို့နဲ့ ထိုင်ဝမ်ကို လက်နက်တပ်ဆင်တာရပ်တန့်ဖို့ တ ရုတ်က အမေရိကန်နိုင်ငံကို တိုက်တွန်းတယ်လို့ သူက ဆိုပြီး တိုင်းပြည်လုံခြုံရေးနဲ့ အကျိုးစီးပွားကို ကာ ကွယ်စောင့်ရှောက်မယ့် လိုအပ်သော အစီအမံအားလုံး လုပ်ဆောင်မယ်လို့ ပြောပါတယ်။
ကိုးကား – Reuters
Ref; China sanctions military firms and executives over US arms sales to Taiwan
#Ayeyarwaddy_Times