ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စစ် ကောင်စီက တောင်ကုတ်မြို့ ကျသွားပြီးနောက် အဆို ပါလမ်းပိုင်းရှိ စစ်ကောင်စီတပ်များကို ခံစစ်ပြင်ဆင်စေကာ အင်အားတိုးချဲ့နေကြောင်း ဒေသခံများထံက သိရသည်။

ပန်းတောင်းမြို့နယ်၊ ဆင်တဲအခြေစိုက် အမှတ်(၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၃) အတွင်းရှိ တပ်မိသားစုဝင်များကိုပါ စစ်ဖြစ်ပွားလာနိုင်သည့်အတွက် အရေးပေါ်ခံစစ်ပြင်ဆင်ထားရန် ညွှန်ကြားမှု များ ရှိကြောင်း သိရသည်။

“AA က အင်အားပျော့တဲ့ ပန်းတောင်းလမ်းကနေ ပြည်ကို ထိုးစစ်ဆင်လာမှာ စိုးရိမ်နေတယ်။ ဒကစမှူးရော တိုင်းမှူးပါဆင်းပြီး ခံစစ်အတွက် ကွပ်ကဲနေတယ်”ဟု ပြည်သတင်းရင်းမြစ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

တောင်ကုတ်နှင့် နယ်မြေထိစပ်နေသည့် ပြည်ပန်းတောင်းလမ်းပိုင်းကို အသုံးပြုကာ အာရက္ခတပ်တော် (AA) ဝင်ရောက်လာ မည်ကို စစ်ကောင်စီက စိုးရိမ်နေပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) တိုင်းမှူးကိုယ်တိုင် ခံစစ်ကိုကွပ်ကဲနေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

မဟာဗျူ‌ဟာမြောက် ခံစစ်ပြင်ထားသည့် မင်းကြီးတောင်ကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)ဒကစမှူးနှင့်အတူ တပခတိုင်းမှူးကိုယ် တိုင် ခံစစ်အတွက် စီစဉ်ကွပ်ကဲနေပြီး တပ်မိသားစုများ ကိုပါ တိုက်ပွဲဝင်ရန် ညွှန်ကြားထားကြောင်း သိရ သည်။

ထိုသို့ စစ်ရေးပြင်ဆင်မှုနှင့် တပ်မိသားစုများပါ တိုက်ပွဲဝင်ရမည်ဆိုခြင်းကြောင့် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အတွင်းက စစ်တပ်မိသားစုဝင်များသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့က ဖောကာများဖြင့် အလျင်အမြန်ထွက်ပြေးကြကြောင်း ဒေသခံများထံက သိရသည်။

“ဥသျှစ်ပင်ကနေ ပုသိမ်ဘက်ကို တပ်မိသားစုဝင်တွေ တင်သွားတယ်။ ဖောကားအလွတ်တွေပါ ပါသွားတာဆိုတော့ ဧရာဝတီတိုင်းက စစ်ကူတွေ တင်လာမယ့်သဘောရှိတယ်”ဟု ဥသျှစ်ပင်မြို့နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရခိုင်တွင် စစ်ရေးရှုံးနိမ့်ပြီး ရခိုင်ရှိ စစ်ရှုံးနယ်မြေများနှင့် နယ်မြေချင်းထိစပ်နေသည့် တောင်ကုတ်- ပြည် ပန်းတောင်းလမ်းရှိ စစ်ကောင်စီတပ်များ၊ အမ်း-ပဒါန်း လမ်းပိုင်းနှင့် မကွေးတိုင်းအတွင်းရှိ အမြောက် တပ်နှင့် ကပစစက်ရုံများ၊ ဂွ-ငါးသိုင်းချောင်းလမ်းရှိ အမြောက်တပ်တို့ကို စစ်ကောင်စီက အထူးခံစစ်များ ပြင်ဆင်ထားရှိနေရကြောင်း သိရသည်။

ထိုသို့ ခံစစ်ပြင်ဆင်နေမှုများထဲတွင် ပဲခူးတိုင်း၊ ပြည် မြို့နှင့် ပန်းတောင်းမြို့နယ်တို့သည် အင်အား အနည်းပါးဆုံးဖြစ်ပြီး တောင်ကုတ်တိုက်ပွဲအတွင်း စစ်အင် အားများစွာ ပြုန်းတီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီက အောက်ခြေတပ်ဖွဲ့ဝင်များသာမက ၎င်းတို့၏ တပ်မိသားစုဝင်များကိုပါ တိုက်ပွဲ ဖြစ်လာပါက အသုံးချရန် ပြင်ဆင်ထားကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

#ပဲခူး #ပြည် #ပန်းတောင်း #စစ်ကောင်စီ #ခံစစ်ပြင် #တပခ #တိုင်းမှူး #ကွပ်ကဲ #တပ်မိသားစု #ကြိုတင် ထွက်ပြေး #Ayeyarwaddy_Times