ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်

ဒီဇင်ဘာလ ၂၅ ရက်က ကာဇတ်စတန်နိုင်ငံမှာ ပျက်ကျခဲ့တဲ့ အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ကို ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချခဲ့တာလို့ စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်မှုရှိတဲ့ သတင်းရင်းမြစ် (၄) ခုက ပြောပါတယ်။

Embraer အမျိုးအစား ခရီးသည်တင်ဂျက်လေယာဉ်တစ်စင်းဟာ မကြာသေးမီလတွေအတွင်း ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ ရုရှားနိုင်ငံက လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အ သုံးပြုခဲ့ရာ ရုရှားနယ်မြေတစ်ခုမှ လမ်းကြောင်းပြောင်းလာပြီးနောက် ကာဇတ်စတန်နိုင်ငံ၊ Aktau မြို့အ နီး ပျက်ကျခဲ့ရာ လူ (၃၈) ဉီး သေဆုံးခဲ့ပါတယ်။

အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှာ J2-8243 ခရီးသည်တင်လေယာဉ်ဟာ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူးမြို့မှ ပျက်ကျခဲ့ရာ ကက်စပီယန်ပင်လယ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရုရှားနိုင်ငံ၊ ချေချင်းညာဒေသ၊ ဂရိုဇနီမြို့သို့ မိုင်ရာချီ မောင်းနှင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ခရီးသည်တင်လေယာဉ်ဟာ ငှက်အုပ်နဲ့တိုက်မိတာကြောင့် ပျက်ကျခဲ့တာလို့ ရုရှား လေ ကြောင်းပို့ဆောင်ရေးဌာနက ပြောပါတယ်။

ယူကရိန်းနိုင်ငံက ဒီလအတွင်း ရုရှားနိုင်ငံတောင်ပိုင်း ချေချင်းညာဒေသကို ဒရုန်းတွေနဲ့ တိုက် ခိုက်ပြီးနောက် အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့တာပါ။

အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ်ရဲ့ ပျံသန်းတဲ့လမ်းကြောင်းမှာရှိတဲ့ အနီးဆုံး ရုရှားလေဆိပ် ဟာ ဒီဇင်ဘာလ ၂၅ ရက်မနက်ပိုင်းက ပိတ်ထားခဲ့ပါတယ်။

ရုရှား၊ အဇာဘိုင်ဂျန်နဲ့ ကာဇတ်စတန် တာဝန်ရှိသူတွေက ခရီးသည်တင်လေယာဉ် ပျက်ကျမှုကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Azerbaijan Airlines flight was downed by Russian air defence system, four sources say

#Ayeyarwaddy_Times