ဧရာဝတီတိုင်းမ်း
ဒီဇင်ဘာ ၂၇ ရက်

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ကြသော ပြည်သူများကိုဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့ပေါ်တွင် နေထိုင်လိုပါက ငွေပေးရမည်ဟု အုပ်ချုပ်ရေးအဖွဲ့များမှ ငွေတောင်းခံနေကြကြောင်း သတင်းရရှိသည်။

ငါးသိုင်းချောင်းမြို့ ၊ ရှေ့ဆောင်ရပ်ကွက် တွင်ရောက်ရှိနေသော ရခိုင်စစ်ဘေးရှောင်များက်ို ဒီဇင်ဘာလ ၂၂ ရက်နေ့ကစတင်ပြီး တစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှုန်းပေးပြီးမှ နေထိုင်ခွင့်ပြုမည်ဟုဆိုကာ လိုက်လံကောက်ခံနေကြောင်း သိရှိရသည်။

“ပထမက ရေကြည်မြို့ဘက်မှာနေတာအဲ့က စစ်တပ်ကမောင်းထုတ်လို့ ဒီဘက်ရောက်လာကြတာ။ လောလောဆယ်နေထိုင်ဖို့သူတို့ကိုငွေပေးမှ အဆင်ပြေမယ်ဆိုတော့မရှိတဲ့ကြားက ပေးလိုက်ရတာပဲ”ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းနှင့်ထိစပ်နေသော ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်AAနှင့်စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ဘေးရှောင်များသည်ပုသိမ်၊ရေကြည်၊ ငါးသိုင်းချောင်း၊ရွှေသောင်ယံ၊ သာပေါင်းမြို့များသို့ ရွှေ့ပြောင်းလာကြသော်လည်း စစ်ကောင်စီမှ နှင်ထုတ်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးဖြင့် ဖမ်းဆီး၊ ရိုက်နှက်၊ ငွေညှစ်မှုများ ကို စစ်ကောင်စီကလုပ်ဆောင်နေသဖြင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

#ငါးသိုင်းချောင်းမြို့ #ရခိုင်စစ်ဘေးရှောင်များ #နေထိုင်ခွင့်ရရေးအတွက် #အုပ်ချုပ်ရေးအဖွဲ့များကို #ငွေပေးရ
#Ayeyarwaddy_Times