ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ ဒီဇင်ဘာ ၂၇ ရက်

ရှမ်း-ကရင်နီနယ်စမ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲကျေးရွာအုပ်စု၊ ဘီကင်းကျေးရွာကို စစ်ကောင်စီက ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့၊ င်္မွန်းလွဲ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဒေသခံများကိုပစ်မှတ်ထားကာ ပေါင် ၅၀၀ ‌‌ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ဘေးရှောင်များ နှင့် ဒေသခံများ နေထိုင်ရာ ဖယ်ခုံအနောက်ခြမ်း ကျေးရွာများသို့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲ မှုကြောင့် ဒေသခံ နှစ် ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်အချို့ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

“ပေါင် ၅၀၀ လို့ယူဆရတဲ့ ဗုံးတစ်လုံးနဲ့လာကြဲသွားပါတယ်။ ပီကင်းဆိုတာ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ အတော်လေးကို အ လှမ်းဝေးတဲ့နေရာဖြစ်ပါတယ်။ အဲ့ဒီတော့ စစ်ကောင်စီဖက် တိုက်ပွဲမရှိတဲ့ စစ်ရှောင်တွေအများအပြားခိုလှုံနေတဲ့ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ပါတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သတင်း နှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

စစ်ကောင်စီသည် ဖယ်ခုံအနောက်ခြမ်းကျေးရွာများဖြစ်သည့် ကျေးရွာကြီးများဖြစ်သည့် လအိ၊ ဘီကင်း စသည့် ကျေးရွာများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေပြီး လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို လည်း နှစ်ကြိမ်တိုင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ကလည်း ဖယ်ခုံ၊ ရီနွဲကျေးရွာအုပ်စုရှိ ဆိုင်ခွန်ကျေးရွာသို့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ အသက်မပြည့်သေးသည့် ယောကျာ်လေး တစ်ဦး အပါအဝင် သုံး ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNDF ထံက သိရသည်။

ဓာတ်ပုံ – KNDF

#ဖယ်ခုံ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ပေါင်၅၀၀ဗုံး #Ayeyarwaddy_Times