
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်
မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ရုရှားနိုင်ငံသို့ စေလွှတ်ဖို့ အကြံဉာဏ်ဟာ ရုရှားကြောင့် ဖြစ်ပေါ် လာတာမဟုတ်ပဲ မြောက်ကိုရီးယားကြောင့် ဖြစ်လာခဲ့တာလို့ အနောက်နိုင်ငံ သံတမန်သတင်းရင်းမြစ် တွေက ပြောပါတယ်။
ယူကရိန်းကျူးကျော်စစ် တာရှည်လာတာနဲ့အမျှ တပ်ဖွဲ့ဝင်အင်အား ပြတ်လပ်လာမှုကြောင့် ရု ရှားနိုင်ငံက အခုလို တောင်းဆိုခဲ့တာလို့ ကနဉီးမှာ သိရှိထားပါတယ်။
ရုရှားစစ်တပ်က ယူကရိန်းတပ်ဖွဲ့တွေရဲ့ နယ်စပ်ဖြတ်ကျော် ထိုးစစ်ဆင်မှုကို တိုက်ခိုက်လျက်ရှိ ရာ ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်ဒေသသို့ မြောက်ကိုရီးယားစစ်သည် ၁၁၀၀၀ ခန့် စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ၁၀၀၀၀၀ အထိ စေလွှတ်ဖို့ အသင့်ရှိတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က မော်စကိုမြို့မှာ ပြောကြားခဲ့ပြီးနောက် တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တာလို့ ရု ရှား သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အပြန်အလှန်အားဖြင့် ရုရှားထံမှ ခေတ်မီ စစ်ဘက်နည်းပညာရရှိဖို့ မျှော်လင့်ခဲ့တယ်လို့ ရုရှား သတင်းရင်းမြစ်တွေက ပြောပါတယ်။
တပ်ဖွဲ့ဝင်တွေ စေလွှတ်မှုကြောင့် ကိုရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်လာပါက ရုရှားရဲ့ ထောက်ခံမှု ရရှိလိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက မျှော်လင့်ပုံရကြောင်း အနောက်နိုင်ငံ သံတမန်သတင်းရင်းမြစ် တွေက ပြောပါတယ်။
ရုရှားနိုင်ငံသို့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်မှုဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကြံဉာဏ် ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေကို ကိုးကားပြီး နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြပါ တယ်။
ကိုးကား – NHK
Ref; Diplomatic sources: Ideas to send troops to Russia came from Pyongyang
#Ayeyarwaddy_Times