
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၅ ရက်
ယူကရိန်းနိုင်ငံမှာ ရုရှားအတွက် တိုက်ပွဲဝင်နေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပြီး မြောက်ကိုရီးယားဟာ ရုရှားသို့ တပ်ဖွဲ့ဝင်တွေနဲ့ အသေခံဒရုန်းတွေ ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ သုံးနှစ်နီးပါးကြာ ယူကရိန်းကျူးကျော်စစ်ပွဲမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့် တိုက်ခိုက်နေတယ်လို့ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ယူကရိန်းက ပြောပါတယ်။
ယူကရိန်းနယ်စပ် ကာတ်စ်ဒေသမှာ မြောက်ကိုရီးယားစစ်သည် ၁၀၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ရုရှားနိုင်ငံအတွက် တိုက်ပွဲဝင်ပေးဖို့ ရှေ့တန်းပို့ မယ့် စစ်သားတွေ လေ့ကျင့်နေမှုကို ကြီးကြပ်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြီးခဲ့တဲ့အပတ်မှာ ပြော ကြားခဲ့ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားသို့ ၂၄၀ မီလီမီတာ လောင်ချာတွေ၊ ၁၇၀ မီလီမီတာ ဟောင်ဝှစ် ဇာအမြောက်တွေ ထောက်ပံ့ခဲ့တဲ့အပြင် အသေခံဒရုန်းတွေ ပေးပို့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အသေခံဒရုန်းတွေကို ယူကရိန်းစစ်ပွဲမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ပြီး အစုလိုက်အပြုံလိုက် ထုတ်လုပ်ဖို့ ကင်ဂျုံအန်က ညွှန်ကြားခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲမှာ အသုံးချဖို့ ရုရှားသို့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ အခြားစစ်ဘက်ကိရိယာ တွေ တင်ပို့မှုကို အမေရိကန်နဲ့ အခြား (၉) နိုင်ငံက ရှုတ်ချခဲ့ပါတယ်။
ရုရှားနိုင်ငံနဲ့ဆက်ဆံရေးကို အနောက်နိုင်ငံတွေက လိုရာဆွဲမမှန်မကန်ပြောခဲ့ပြီး မော်စကိုနဲ့ မ ဟာမိတ်ပြုမှုက သာမန်ဖြစ်ကာ အလွန်ကို ထိရောက်မှုရှိတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။
ကိုးကား – Independent
Ref; North Korea suffers 1,100 casualties fighting for Russia, South Korea says
Ayeyarwaddy_Times