ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

ဗြိတိန်နဲ့ ကနေဒါနိုင်ငံမှာနေထိုင်တဲ့ ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူ (၆) ဦး ဖမ်းဆီး နိုင်ရေး သတင်းပေးသူကို ဟောင်ကောင်ဒေါ်လာ ၁ သန်း ချီးမြှင့်မယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဆု ကြေး ထုတ်လိုက်ပါတယ်။

ဆုကြေးထုတ်ခံရသူတွေအနက် တစ်ဦးမှာ ပြီးခဲ့တဲ့နှစ်က ဗြိတိန်ုနိုင်ငံသို့ ထွက်ပြေးခဲ့တဲ့ လွတ် လပ်ရေးလိုလားတဲ့ အဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဟောင်း တိုနီချောင် ဖြစ်ပါတယ်။ ဆုကြေးထုတ်ခံရသူတွေ ထဲမှာ ခရိုင်ကောင်စစ်ဝန်ဟောင်းတစ်ဉီး၊ သရုပ်ဆောင်တစ်ဉီးနဲ့ ယူကျုဘာတစ်ဉီးတို့ဖြစ်ပါတယ်။

ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဝရမ်းဟာ ဟောင်ကောင်ပြည်သူတွေကို အသံတိတ်စေဖို့ရည်ရွယ် တဲ့ ခြိမ်းခြောက်မှုလုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ဟောင်ကောင်ရဲတပ်ဖွဲ့ အကြီးအကဲတွေက ဖမ်းဝရမ်းတွေကို ကြေညာခဲ့တာဖြစ်ပြီး ဖမ်းဝရမ်း ထုတ်ခံရသူတွေဟာ တရုတ်နဲ့ဟောင်ကောင်ကို ဒဏ်ခတ်အရေးယူမှုတွေပြုလုပ်ဖို့ အကြိမ်ကြိမ် တောင်း ဆိုခဲ့သူတွေဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

တရုတ်အစိုးရက အမျိုးသားလုံခြုံရေးဉပဒေ ပြဌာန်းပြီးနောက် ဒါဟာ တတိယအကြိမ်မြောက် ဖမ်းဝရမ်းနဲ့ဆုကြေး ထုတ်တာဖြစ်ပါတယ်။

ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဝရမ်းနဲ့ဆုကြေးထုတ်မှုကို တရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရအမျိုးသမီး မော်နင်က ထောက်ခံခဲ့ပြီး ဟောင်ကောင်ရဲ့ ဉပဒေနဲ့အညီ လုပ်ဆောင်ချက်ကို တ ရုတ်အစိုးရက ထောက်ခံတယ်လို့ ပြောပါတယ်။

ဟောင်ကောင်ဟာ တရားဥပဒေစိုးမိုးရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘယ်သူမှ အထူးအခွင့်အ ရေး မရဘူးလို့ ၎င်းက ဆိုပါတယ်။

ဟောင်ကောင်မှာ လနဲ့ချီကြာမြင့်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် ၂၀၂၀ ပြည့်နှစ် မှာ အခြေအတင်အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဉပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။

ကိုးကား – BBC
Ref; Hong Kong offers rewards for arrest of six activists abroad

#Ayeyarwaddy_Times