
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်
ဧရာဝတီတိုင်းအတွင်းသို့ ဂွမြို့နယ်တိုက်ပွဲများအတွင်းမှ သေဆုံး၊ဒဏ်ရာရရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်ပြီးမကျီးဇင်-သာပေါင်းလမ်းကို အသုံးပြုကာ ပြန်လည်သယ်ဆောင်နေကြောင်းသိရှိရသည်။
သာပေါင်းမြို့ရှိ ကုန်တင်ကားနှစ်စီးက်ို စစ်ကောင်စီတပ်မှ ချောဆွဲကာ မကျီးဇင်ကျေးရွာသို့ ခေါ်ဆောင်သွားပြီး စစ်ကောင်စီတပ်မှ သေဆုံး ၊ ဒဏ်ရာရသူများနှင့် စစ်အသုံး
ဆောင်ပစ္စည်းများကို နေ့စဥ်သယ်ဆောင်နေလာကြောင်း သိရှိရသည်။
“ငါးသိုင်းချောင်း ဘက်က တိုးလို့မရတော့ မကျီးဇင် ကမ်းခြေပတ်လမ်းဘက်က ပြောင်းပြီးတင်တာ။ ဟိုရက်ကကုန်ကားပေါ်မှာ ခြေပြတ်လတ်ပြတ်တွေ အများကြီးတင်လာတာတွေ့တယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
သယ်ဆောင်လာသည့် သေဆုံးနေသော စစ်ကောင်စီတပ်သားအချို့ကို သာပေါင်းမြို့နယ် လှေကြီးတက်ကျေးရွာရှိ ခလရ ၃၀၈ တွင် ထားရှိကာ သဂြိုလ်ခိုင်းပြီး ဒဏ်ရရသူများကို ပုသိမ်မြို့စစ်ဆေးရုံ မဆရ ၄ သို့ ပို့ဆောင်ပေးနေရကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရှိရသည်။
ရခိုင်ပြည်နယ်ဂွမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ဖြစ်ပွါးသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်များအထိနာနေပြီး ဒီဇင်ဘာ တတိယပါတ်အတွင်းရေကြည်၊ ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့များမှ ကျေးရွာများအတွင်းသို့ တပ်ပျက်၍ထွက်ပြေးလာသောစစ်ကောင်စီတပ်သားအချို့၀င်ရောက်လာကြောင်း ဒေသခံများထံမှသိရသည်။
ဓာတ်ပုံ-ဂွမြို့နှင့် မကျီးဇင်ကျေးရွာကိုဆက် သွယ်ထားသောကမ်းခြေပတ်လမ်း
#ဂွတိုက်ပွဲ #သေဆုံး #ဒဏ်ရာရ #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #မကျီးဇင် #သာပေါင်း #Ayeyarwaddy_Times