ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

လူ (၆၇) ဉီး တင်ဆောင်လာသော အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် တစ်စင်း ကာဇတ်စတန်နိုင်ငံ၊ Aktau မြို့အနီး ပျက်ကျခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကနဉီးသတင်းတွေအရ လေယာဉ်ပျက်ကျမှုမှာ လူ ၃၂ ဉီး အသက်ရှင်ကျန်ရစ်ခဲ့ပြီး ထိခိုက်သေ ဆုံးမှု ပြောင်းလဲနိုင်တယ်လို့ အဇာဘိုင်ဂျန် ရှေ့နေချုပ်ရုံးက ပြောပါတယ်။

အသက်ရှင်သူတွေကို ဆေးရုံတွေကို ပို့ဆောင်ခဲ့တယ်လို့ ကာဇတ်စတန် အရေးပေါ်အခြေအနေ များ ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အသက်ရှင်သူအချို့ဟာ အရေးပေါ်အခြေအနေလို့ အဇာဘိုင်ဂျန် နိုင် ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အဆိုပါလေယာဉ်ဟာ အဇာဘိုင်ဂျန်လေကြောင်းလိုင်းပိုင် Embraer အမျိုးအစားဖြစ်ပြီး အဇာ ဘိုင်ဂျန်နိုင်ငံရဲ့မြို့တော် ဘာကူးမြို့မှ ရုရှားနိုင်ငံ၊ ချေချင်းညာဒေသ ဂရိုဇနီမြို့သို့ ပျံသန်းခဲ့တာပါ။

အဆိုပါခရီးသည်တင်လေယာဉ်ဟာ ဂရိုဇနီမြို့မှာ မြူထူမှုကြောင့် လမ်းကြောင်းပြောင်းခဲ့တယ် လို့ ရုရှားနိုင်ငံပိုင်သတင်းဌာန TASS က ဖော်ပြခဲ့ပါတယ်။

လေယာဉ်ဟာ ငှက်တွေနဲ့တိုက်မိတာကြောင့် လေယာဉ်မှူးက Aktau မြို့သို့ လမ်းကြောင်း ပြောင်းဖို့ ရွေးချယ်ခဲ့တာလို့ ကနဉီးအချက်အလက်တွေက ပြသခဲ့ကြောင်း ရုရှား လေကြောင်းပို့ဆောင် ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

ယင်းခရီးသည်တင်လေယာဉ်ဟာ Aktau မြို့အနီးမှာ အရေးပေါ် ဆင်းသက်ခဲ့တယ်လို့ အဇာဘိုင် ဂျန်လေကြောင်းလိုင်းက ပြောပါတယ်။

ကိုးကား – DW
Ref; Dozens feared dead in Azerbaijan Airlines plane crash

#Ayeyarwaddy_Times