ငတရော်ရွာအတွင်းရှိ နေအိမ် ၅၀၀ ကျော်နှင့် ဆေးပေးခန်းတွေကိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းများ ယူဆောင်သွား

ကိုကိုလေး/ဧရာဝတီတိုင်းမ်

သြဂုတ် ၂၀ ရက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသအတွင်းရှိ ပြည်သူနေအိမ် ၅၀၀ ကျော်အပြင် ဆေးပေးခန်းတွေပါ စစ်ကောင်စီက သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

အိမ်ခြေ ၅၀၀ ကျော်နည်းပါးရှိသည့် ငတရော်ကျေးရွာကို စစ်ကောင်စီတပ်တွေက ပြည်သူတွေ နေအိမ်နဲ့ဆေးပေးခန်းတွေကိုပါ မီးရှို့သည့်အပြင် အဖိုးတန် လက်ဝတ်ရတနာများနှင့် အခြားအိမ်သုံးပစ္စည်းများကိုပါ ယူဆောင်သွားပြီး တိရိစ္ဆာန်တွေပါ

သတ်ဖြတ်စားသောက်သွားကြ တယ် လို့ ဒေသခံတွေပြောပြချက်အရသိရသည်။”စစ်တပ်က မွှေနေတာတော့ကြာပြီ ရေ​ရှားရွာမှာ မွှေနောက်ပီး ငတရော်ရွာထဲ ကိုအတင်းဝင်လာပီး ပစ္စည်းတွေလု မီးတွေရှို့လုပ်ကြတာ သူတို့လာတော့ ကျွန်မတို့လဲ အသက်လုပြေးကြတော့

ကိုယ့်လက်ထဲဘာပစ္စည်းမှ ပါမလာဘူး။ ဖြစ်တာက သြဂုတ်လ ၁၇ ရက်နေ့က စဖြစ်တာပါ ခုထိအိမ်မပြန်ရဲဘူး။ အိမ်ကတော့ ပြာပုံပဲရှိတော့တယ်လို့ သိရတယ်” လို့ နေအိမ်မီးရှို့ခံခဲ့ရသည့် ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်၏ မီးရှို့ခြင်းခံခဲ့ရသည့် ငတရော်ကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော်ရှိပြီး လက်ရှိတွင် အိမ်ခြေ ၂၀ ဝန်းကျင်ခန့်သာ ကျန်ရှိတော့သည်ဟု ဒေသခံအချို့ကဆိုသည်။

ထို့ပြင် ငတရော်ကျေးရွာမှာ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဒေသခံအချို့ကိုလဲ ပစ်ခတ်သတ်ဖြတ်ခဲ့ကာ လက်ရှိအချိန်ထိ ဒေသခံပြည်သူအများစု ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ငတရော်ကျေးရွာမှဒေသခံများ၏ပြောပြချက်အရသိရသည်။

#Ayeyarwaddy_Times