တရားစီရင်မှုပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ညှိနှိုင်းဖို့ လမ်းဖွင့်ထားတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၀ ရက်

စစ်ကောင်စီတရားရုံးမှာ တရားစီရင်မှုကိစ္စတွေပြီးရင် အာဏာသိမ်းမှုကြောင့် ဖြစ်လာခဲ့တဲ့ အကျပ်အတည်း အဆုံးသတ်ရေး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ လမ်းဖွင့်ထား တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က

သြဂုတ်လ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။“ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုတွေအတွက် ဥပဒေပိုင်းဆိုင်ရာ လုပ်ငန်း စဉ်တွေပြီးရင် သူ့ရဲ့တုံ့ပြန်မှုအပေါ် အခြေခံပြီး စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ကျွန်တော်တို့ စဉ်းစားနေပါတယ်” လို့ မင်းအောင်လှိုင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

စစ်ဗိုလ်ချုပ်ကြီးတွေက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုတစ်ခုအတွင်း အရပ်သားအစိုး ရကို ဖြုတ်ချကာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးကို အဆုံးသတ်ခဲ့ချိန်ကတည်းက အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့တာပါ။

လူ့အခွင့်အရေးအုပ်စုတွေက နိုင်ငံရေးအရင်းခံတဲ့ ပုဒ်မတွေလို့ပြောတဲ့ စွဲချက်တွေနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို လက်ရှိအချိန်ထိ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ တံခါးပိတ်တရားရုံးမှာ တရားစွဲဆိုထားတဲ့ စွဲချက်တွေအတိုင်းသာ ပြစ်ဒဏ်ချမှတ်ပါက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆယ်စုနှစ်ချီ အကျဉ်းချခံရမှာဖြစ်ပါတယ်။

သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားစီရင်မှုတွေကို သတင်းယူခွင့်ပိတ်ပင်ထားသလို ရှေ့နေတွေကိုလည်း မီဒီယာတွေနဲ့တွေ့ဆုံခွင့် တားဆီးထားပြီး အမှုစစ်ဆေးမှု ဘယ်အချိန်မှာ ပြီးစီးမယ်ဆိုတာ ကိုလည်း စစ်ကောင်စီက အရိပ်အမြွက်ပင် ပြောကြားခဲ့ခြင်းမရှိပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သဘောထားကွဲလွဲသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပြည်သူ ၂၂၀၀ ကျော် သေဆုံးခဲ့ပြီး ၁၅၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်တွင်း စောင့်ကြည့်ရေးအဖွဲ့တစ်ခုက ပြောပါတယ်။
ဓာတ်ပုံ – Getty Image
ကိုးကား – AFP
Ref; Myanmar military open to negotiations with Suu Kyi after trial: Min Aung Hlaing