ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

ရန်ကုန်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)အရာရှိ ဗိုလ်မှူးကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဗဟိုလမ်းပေါ် ရှိ Apollo Hotel အနီးတွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်းကို တော်လှန်ရေးအဖွဲ့ မြို့ပြပြောက် ကျားများက ပစ်ခတ်ခဲ့ရာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်းကို Yangon Phoenix နှင့် Together Urban Force တို့က ပူးပေါင်းပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မစ်ရှင်အောင်မြင်ပါတယ်။ ဘာကောင်ဖြစ်နေနေ မတရားမှုပြုသူမှန်သမျှ ပြန်ပေးဆပ်စေရမယ်” ဟု Yangon Phoenix က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တပ်သတင်းရင်းမြစ်မှလည်း “သေနတ်ဒဏ်ရာ ၄ ချက်ခန့်ရထားပြီး မင်္ဂလာဒုံစစ်ဆေးရုံပို့တဲ့အချိန်မှာ သေသွားတာပါ”ဟု ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောကြားသည်။

ရန်ကုန်တွင် ၇၇ နှစ်မြောက် ရေတပ်မွေးနေ့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မည်ဖြစ်သည့်အတွက် လုံခြုံရေးတင်းကျပ်ကာ အစစ်ဆေးများပြားနေသည့်ကြားက ယခုလိုပစ်ခတ်ခံရခြင်းဖြစ်သည်။

#ရန်ကုန် #စစ်ကောင်စီ #စစ်ဘက်ထောက်လှမ်းရေး #အရာရှိ #ဗိုလ်မှူး #ပစ်ခတ်ခံရ #သေဆုံး #Ayeyarwaddy_Times