ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်ရှိ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို လွှတ်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း (၃) ဦးက ဒီဇင်ဘာလ ၁၉ ရက်မှာ တောင်းဆို လိုက်ပါတယ်။

ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတရားပုဒ်မတွေနဲ့ ထောင်ဒဏ် (၂၇) နှစ် ချ မှတ်ခံထားရပြီး သူဟာ ဒီမိုကရေစီနည်းကျ တိုင်းပြည်ကိုဉီးဆောင်ဖို့ အခွင့်အရေးနဲ့ ထိုက်တန်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဝီလီယမ်ဟိဂ်၊ ဆာမယ်ကွန်ရစ်ကိုင်းနဲ့ ဂျက်စထရောတို့ က သတိပေးပါတယ်။

အသက် (၇၉) နှစ်အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာ တွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြောဖို့ ငြင်းဆန်ခဲ့တာကြောင့် ပုံရိပ်ထိခိုက်ခဲ့သူပါ။

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှာဖို့ ဖြစ်နိုင်ပေမယ့် သူလွတ်မြောက်ရေးအတွက် မဲဆွယ်သွား မယ်လို့ ၂၀၁၂ ခုနှစ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ် လန်ဒန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုခဲ့တဲ့ ဝီလီယမ်ဟိဂ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဟာ တိုင်းပြည်အနာဂတ်အတွက် အရေးပါပြီး မြန်မာ နိုင်ငံမှာ စစ်အာဏာရှင်တော်လှန်ရေးဟာ စစ်တပ်အာဏာချုပ်ကိုင်မှုကို လျှော့ချစေတယ်လို့ ၁၉၉၀ ပြည့် နှစ်တွေက နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဆာမယ်ကွန်ရစ်ကိုင်းက ပြောပါတယ်။

“တိုင်းပြည်တစ်ဝှမ်း လူထုတော်လှန်မှုကြောင့် မြန်မာနိုင်ငံမှာ စစ်အာဏာရှင်လက်အောက်ကနေ တစ်ဖြည်းဖြည်း လွတ်မြောက်နေပါပြီ” လို့ သူက ဆိုပါတယ်။

“စစ်တပ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ချိန်မှာ လိုအပ်လာမယ့် နိုင်ငံရေး ခေါင်းဆောင်မှုပေးနိုင်ရေး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အရေးကြီးပါတယ်” လို့ ၎င်းက ဆက် ပြောပါတယ်။

သူက ဝီလီယမ်ဟိဂ်ရဲ့ အမြင်နဲ့တူညီပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသင့်တယ်လို့ တိုနီ ဘလဲအစိုးရလက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သူ ဂျက်စထရောက ပြောပါတယ်။

ကိုးကား – The Independent
Ref; Free Aung San Suu Kyi, demand three former UK foreign secretaries

#Ayeyarwaddy_Times