
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်
တရုတ်နိုင်ငံရဲ့ နျူကလီးယားတပ်ဖွဲ့ဟာ ထင်ထားတာထက် အင်အားကြီးမားလာပြီး မနှစ်က နျူ ကလီးယားထိပ်ဖူး ၁၀၀ ခန့် ထပ်တိုးလာခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ က ပြောပါတယ်။
ယခုနှစ်နှစ်လယ်အထိ တရုတ် နျူကလီးယားတပ်ဖွဲ့မှာ နျူထိပ်ဖူး ၆၀၀ ကျော် ရှိနေပြီလို့ အမေရိ ကန် ပင်တဂွန်ရဲ့ ‘တရုတ်စစ်အင်အား အစီရင်ခံစာ’ က ခန့်မှန်းပါတယ်။
ဆယ်စုနှစ်အကုန်မှာ တရုတ်နိုင်ငံရဲ့ နျူကလီးယားထိပ်ဖူးအရေအတွက်ဟာ ၁၀၀၀ အထိ ရှိလာ မှာဖြစ်ပြီး တရုတ်ခေါင်းဆောင်တွေဟာ ၂၀၃၅ ခုနှစ်အထိ တရုတ် နျူကလီးယားတပ်ဖွဲ့အင်အားကို ဆက်လက်တည်ဆောက်နေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
၂၀၃၀ ပြည့်နှစ်မတိုင်မီ တရုတ်နိုင်ငံရဲ့ နျူကလီးယားထိပ်ဖူးအရေအတွက်ကို အနည်းဆုံး နှစ်ဆ အထိ တိုးမြှင့်နိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ၂၀၂၀ ပြည့်နှစ်မှာ ယူဆခဲ့ကြပေမယ့် လေးနှစ် အတွင်း သုံးဆအထိ တိုးလာခဲ့တာဖြစ်ပါတယ်။
ကွန်မြူနစ်ပါတီရဲ့ အသက်ရှင်သန်မှုကို ခြိမ်းခြောက်ခဲ့တဲ့ ထိုင်ဝမ်မှာ သမားရိုးကျ စစ်ရေးအရ ရှုံး နိမ့်မှု ရင်ဆိုင်လာပါက နျူကလီးယားလက်နက်နဲ့ အရင်ဆုံး တိုက်ခိုက်ဖို့ တရုတ်နိုင်ငံက စဉ်းစားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
တရုတ်စစ်တပ်ရဲ့ စစ်ရေးအသုံးစရိတ် ပွင့်လင်းမြင်သာမှု မရှိတဲ့ကိစ္စကိုလည်း အစီရင်ခံစာက ထောက်ပြပြီး ပြည်သူလူထုကိုချပြတဲ့ ကာကွယ်ရေးဘတ်ဂျက်ထက် ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအ ထိ ပိုမို များပြားတယ်လို့ ဖော်ပြပါတယ်။
ကိုးကား – NHK
Ref; Pentagon points to rapid growth of China’s nuclear arsenl
Ayeyarwaddy_Times