ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ရုရှားနိုင်ငံ၊ ကာတ်စ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်စဉ် ရာနဲ့ချီတဲ့ မြောက်ကိုရီးယား စစ်သားတွေ သေကျေထိခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ် ထိပ်တန်းတာဝန်ရှိသူတစ်ဉီးက ပြောပါ တယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ထောင်နဲ့ချီတဲ့ ရုရှား စစ်သားတွေ သေဆုံးခဲ့ရလို့ သမ္မတ ဗလာဒီမာပူတင်ကို ကူညီဖို့ မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားသို့ ထောင်ချီတဲ့တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုစစ်ဆင်ရေးအတွက် ကောင်းစွာ လေ့ကျင့်ထား တာ မဟုတ်တဲ့အပြင် ရုရှားတပ်ဖွဲ့တွေနဲ့ပေါင်းစပ်ဖို့ ခက်ခဲပါတယ်။

ကာတ်စ်ဒေသ ထိုးစစ်ဆင်မှုအတွင်း ရုရှားက မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို အသုံးချခဲ့ တယ်လို့ ယူကရိန်း ကာကွယ်ရေးဉီးစီးချုပ် အလက်ဇန္ဒားဆိုင်စကီးက ဒီအပတ်အစောပိုင်းမှာ ပြောကြား ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဟာ ဩဂုတ်လအတွင်း ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသကို တိုက်ခိုက်ခဲ့ပေ မယ့် ထိန်းချုပ်နယ်မြေ ၄၀ ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ မြောက်ကိုရီးယားစစ်သည်တွေကို စေ လွှတ်မယ်လို့ သံသယရှိနေကြောင်း အနောက်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားက ရုရှားသို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ယူကရိန်းကို ရုရှားအတွင်းပိုင်းက ပစ်မှတ်တွေကို အမေရိကန်နဲ့ဗြိတိန်ထုတ် တာဝေးပစ်ဒုံးကျည် တွေနဲ့ တိုက်ခိုက်ခွင့်ပြုခဲ့ပါတယ်။

သုံးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်နိုင်ရေး ရုရှားနိုင်ငံနဲ့ သဘောတူညီချက် တစ်ရပ်ပြုလုပ်ရေး ယူကရိန်းက ပြင်ဆင်ထားသင့်တယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့်က ပြောပါတယ်။

ကိုးကား – The Standard
Ref; ‘Several hundred’ North Korean troops killed fighting Ukraine, says US official

#Ayeyarwaddy_Times