
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်
စစ်ရှုံးပြီးစစ်အင်အားလိုအပ်ချက်များနေသည့် စစ်ကောင်စီက ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက် ဖမ်းဆီးမှုများလုပ်ဆောင်လာ၍ လူငယ်များသွားလာ နေထိုင်မှုတွင် အခက်အခဲများစွာနှင့်ကြုံနေရကြောင်း သိရသည်။
စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင် အားလုံလောက်မှုမရှိတော့သည့် အတွက် နေ့အချိန်များတွင်ပါ လူငယ်များကို ရိုက်နှက်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့ တစ်နေ့တည်းတွင်ရန် ကုန်တိုင်းရှိ ရန်ကင်း၊ အင်းစိန်၊ လှိုင်၊ တာမွေ၊ သင်္ဃန်းကျွန်းနှင့် သန်လျင်မြို့နယ်တို့မှ လူငယ်အမျိုးသားများကို စားသောက် ဆိုင်နှင့် BAR အတွင်းဝင်ရောက်ကာ ကျဉ်စက်များဖြင့်တို့ပြီး ဖမ်း ဆီးခေါ်ဆောင်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံ များထံက သိရသည်။
“ရန်ကင်းကြေးအိုးဆိုင်ထဲ လူငယ်တွေကိုဝင်ဖမ်းတာ ကျဉ်စက်နဲ့တို့ပြီး လဲကျသွားတဲ့အချိန်မှာ ကားပေါ်ဆွဲ တင်သွားတာ။ ပေါ်တင်ကိုဖမ်းနေတာ”ဟု ရန်ကင်းမြို့ နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ယင်းနေ့ ည ၁၀ နာရီခန့်တွင် ဘီယာဆိုင်နှင့် BAR များအတွင်းသို့ စစ်ကောင်စီတပ် ဖွဲ့များက အရပ်ဝတ် များဖြင့် ဝင်ရောက်ကာ လူငယ် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် လူငယ်၊ လူရွယ်များကို မိသားစုဝင် များမှ လိုက်လံစုံစမ်းရာတွင် မည်သည့်တပ်ရင်း၊ တပ်ဖွဲ့သို့ခေါ်ဆောင်သွားသည်ကို စုံစမ်းသိရှိရခြင်းမရှိသလို ရပ်ကျေးအုပ်ချုပ်သူများနှင့် ငွေကြေးဆိုင်ရာ ညှိနှိုင်းမှုလည်း ပြုလုပ်၍မရဘဲ အများစုမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်ရာတွင် စစ်တပ်အသိုင်းအဝိုင်းမှ လူငယ်များပင်ပါဝင်နေပြီး ၎င်းတို့ကိုယ်တိုင် ဖမ်းဆီးခံရသည့် တပ်ရင်းတပ်ဖွဲ့နှင့် မည်သည့်စစ် သင်တန်းသို့ ပို့ဆောင်လိုက်သည့်ကို စုံစမ်း၍ မရကြောင်း တပ်သတင်းရင်းမြစ်က ဆိုသည်။
“ဖမ်းသွားရင် ဖအေ ကလက်ရှိစစ်တပ်ထဲမှာ တာဝန် ထမ်းဆောင်နေပေမယ့် ဘယ်ကိုဖမ်းခေါ်သွားတယ် ဆိုတာ စုံစမ်းလို့မရဘူး။ အခုက နေ့ခင်းဘက်တွေပါ ဝင်ဖမ်းနေတာ”ဟု ရေတပ်မိသားစုဝင်တစ်ဦးက ဧရာ ဝတီတိုင်းမ်ကို ပြောသည်။
လူငယ်များကို အဓမ္မဖမ်းဆီးနေမှုများသည် ရန်ကုန် တိုင်းတစ်ခုတည်းတွင်သာမကဘဲ ဧရာ၀တီ၊ မန္တလေး၊ မော်လမြိုင် နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့အချို့တွင်ပါ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စစ်ခေါင်းဆောင်က စစ်တပ်အတွင်း အင်အားလိုအပ် ချက်ကို ဖြည့်ဆည်းရန်အတွက် စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေကို ချမှတ်ပြီး နိုင်ငံအတွင်း လူငယ်များကို မဲနှိုက်ရွေးချယ်ကာ စစ်သင်တန်း တက်စေ၍ ရှေ့တန်းသို့ ပို့ဆောင်မှုများ ပြုလုပ်လျက်ရှိသော်လည်း ရှေ့တန်းတွင် သေဆုံးနှင့် ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ များပြားနေသည့်အတွက် ယခုကဲ့သို့ လူငယ်များကို ပရမ်းပတာ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-အမှတ်စဥ် ၇ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ
#စစ်ကောင်စီ #ရန်ကုန်အပါအဝင် #တိုင်းနှင့်ပြည်နယ်အချို့ #လူငယ်များ #အဓမ္မဝင်ရောက်ဖမ်းဆီး #Ayeyarwaddy_Times