ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

တားမြစ်ဧရိယာတစ်ခုမှာ ဆေးလိပ်သောက်တဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ် ဆန်ကို သတိပေးချက်တစ်ရပ် ထုတ်ပြန်ကာ ဒဏ်ရိုက်မယ်လို့ သိရပါတယ်။

ထိုကိစ္စကို နိုင်ငံခြားရေးဝန်ကြီးရုံးသို့ အကြောင်းကြားထားတယ်လို့ မလေးရှား ကျန်းမာရေးဝန် ကြီး Dzulkefly က ဗုဒ္ဓဟူးနေ့က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

“ပြစ်မှုအတွက် ဒဏ်ကြေးရိုက်ဖို့ မိုဟာမက်ဟတ်ဆန်ကိုယ်တိုင်က ကျန်းမာရေးဝန်ကြီးဌာနကို တောင်းဆိုခဲ့တာပါ။ ဒဏ်ကြေးပေးမယ်လို့ သူက ကျွန်တော့်ကို ပြောပါတယ်” လို့ Dzulkefly က ဆိုပါ တယ်။

ဆရမ်ဘန်းခရိုင် ကျန်းမာရေးရုံးမှ သတိပေးချက်တစ်ရပ် ရရှိခဲ့ပေမယ့် ဒဏ်ကြေးပမာဏကို မသိ ရသေးဘူးလို့ ဒီဇင်ဘာလ ၁၈ ရက်က သတင်းစာရှင်းလင်းပွဲမှာ မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

“ဒီဖြစ်စဉ်က ပြည်သူလူထုကြား စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်လာခဲ့ရင် ကျွန်တော် တောင်းပန်ပါ တယ်။ ကျွန်တော် ဒဏ်ကြေးဆောင်မှာဖြစ်ပြီး ဒဏ်ကြေးက သိပ်မများဖို့ မျှော်လင့်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

Tok Mat လို့ လူသိများတဲ့ မိုဟာမက်ဟတ်ဆန်ဟာ စားသောက်ဆိုင်တစ်ခုမှာ အပေါင်းအဖော် တွေနဲ့အတူရှိနေချိန် စီးကရက်တစ်လိပ် ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတစ်ပုံဟာ ဒီဇင်ဘာလ ၁၇ ရက်က လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အဆိုပါဓာတ်ပုံကိုတင်ခဲ့တဲ့ အကောင့်ပိုင်ရှင်ဟာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဆေးလိပ်မသောက်ရဧရိယာ ၂၈ ခုစာရင်းကိုလည်း မျှဝေခဲ့ပါတယ်။

ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့ မူဝါဒကို ကျန်းမာရေးဝန်ကြီးဌာနက ကိုင်စွဲထားတယ် လို့ Dzulkefly က ပြောပါတယ်။

ကိုးကား – The Star
Ref; Malaysia Foreign Minister to be fined for smoking in prohibited area

#Ayeyarwaddy_Times