ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဉီးနဲ့ သူ့ရဲ့လက်ထောက်တို့ သေဆုံးခဲ့တဲ့ မော်စကိုမြို့က ဗုံးပေါက်ကွဲ မှုတစ်ခုကို လက်တုံ့ပြန်မယ်လို့ ရုရှားအစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ရုရှား လုံခြုံရေးကောင်စီ ဒုတိယဥက္ကဌ ရုရှားသမ္မတဟောင်း ဒီမီထရီမတ်ဗီဒတ်ဗ်က အကြီးတန်း အစိုးရတာဝန်ရှိသူတွေနဲ့ အစည်းအဝေးတစ်ခုမှာ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ အခုလို ပြောခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီး အိုင်ဂေါ်ကီရီလော့ဗ်နဲ့ သူ့ရဲ့လက်ထောက်တို့ဟာ အင်္ဂါနေ့အစောပိုင်းက ဗုံး ပေါက်ကွဲမှုတစ်ခုမှာ သေဆုံးခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေး အာဏာပိုင်တွေက ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ရုရှားနိုင်ငံမှာ လုပ်ကြံသတ်ဖြတ်သူတွေကို ရှာဖွေရမှာဖြစ်ပြီး ဗုံး ဖောက်ခွဲဖို့ အမိန့်ခဲ့တဲ့ ယူကရိန်းနိုင်ငံမှ လူပုဂ္ဂိုလ်ကို ဖျက်ဆီးဖို့ ဘာမဆိုလုပ်ရမယ်လို့ မတ်ဗီဒတ်ဗ်က ပြောပါတယ်။

အိုင်ဂေါ်ကီရီလော့ဗ် သေဆုံးမှုအတွက် ယူကရိန်းခေါင်းဆောင်တွေဟာ တန်ဖိုးကြီးကြီး ပေးဆပ် ရမယ်လို့ မတ်ဗီဒတ်ဗ်ကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် Tass သတင်းဌာနက ဖော်ြပပါတယ်။

ရုရှားစစ်တပ်၊ ဇီဝနဲ့ဓာတုလက်နက်များတပ်ဖွဲ့ရဲ့ အကြီးအကဲ အိုင်ဂေါ်ကီရီလော့ဗ်ဟာ စစ်ရာဇ ဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။

ဗုံးဖောက်ခွဲမှုကို ယူကရိန်း လုံခြုံရေး အာဏာပိုင်တွေက လုပ်ဆောင်ခဲ့တာလို့ ယူကရိန်းမီဒီယာ တွေက ထင်မြင်ယူဆနေကြပါတယ်။

ယူကရိန်းနိုင်ငံဟာ မော်စကို ဗုံးပေါက်ကွဲမှုမှာ မပါဝင်ခဲ့ဘဲ ဥပဒေဘောင်အတွင်းကသာ လုပ် ဆောင်တယ်လို့ ယူကရိန်း သမ္မတအကြံပေး မိုင်ခေးလိုပိုဒိုယက်ခ်က ပြောပါတယ်။

ကိုးကား – NHK
Ref; Senior Russian official hints at revenge for Moscow blast

#Ayeyarwaddy_Times