ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

ပြီးခဲ့တဲ့လနှောင်းပိုင်းက ရနောင်းပြည်နယ်ကမ်းလွန် ငါးဖမ်းလှေတစ်စင်းပေါ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းတံငါသည် (၄) ဦးကို မြန်မာစစ်ကောင်စီက ဇန်နဝါရီလ (၄) ရက်မှာ လွှတ်ပေးမယ်လို့ ထိုင်း ကာ ကွယ်ရေးဝန်ကြီး ဖမ်သန်ဝီချာယာချိုင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေဟာ မြန်မာအာဏာပိုင်တွေနဲ့ အဆိုပါကိစ္စကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ (၄) ရက်မှာ အဆိုပါထိုင်းတံငါသည် တွေကို ကော့သောင်းအကျဉ်းထောင်မှ လွှတ်ပေးမယ် ၎င်းက ပြောပါတယ်။

ထိုင်းတံငါသည်တွေဟာ ပြီးခဲ့တဲ့လနှောင်းပိုင်းက မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ဝင် ရောက်ခဲ့သလားဟု မေးမြန်းရာမှာ ဖြစ်ရပ်မှန်နဲ့အညီ အရေးယူမှု လုပ်ဆောင်သင့်တယ်လို့ သူက ဆိုပါ တယ်။

ထိန်းသိမ်းခံထားရတဲ့ တံငါသည်တွေအတွက် ထိုင်းအာဏာပိုင်တွေရဲ့ ကာကွယ်ပေးမှုကို မေး မြန်းရာမှာ ပြဿနာဟာ ထိရှလွယ်ပြီး ၎င်းတို့လွတ်မြောက်ရေး ဉီးစားပေးခဲ့တယ်လို့ ဖမ်သန်ဝီချာယာ ချိုင်းက ပြောပါတယ်။

“မေးခွန်းနဲ့ပတ်သက်တဲ့ အဖြေတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ပြဿနာကို ထိုင်းနိုင်ငံမှာ နိုင်ငံရေးအရ အသုံးချတာကို ကျွန်တော် မလိုလားပါဘူး။ ထိုင်းတံငါသည်တွေ ဘေးကင်းဖို့ အရင်ဆုံး ဂရုစိုက်ပါရစေ” လို့ ၎င်းက ဖြေကြားပါတယ်။

ထိုင်းတံငါသည်တွေဟာ မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး မြန်မာစစ်ကောင်စီက ဥပဒေလုပ်ငန်းစဉ်အတွင်း အရေးယူခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီ ယမ်ပွန်ဆာက ပြောပါတယ်။

မြန်မာစစ်ကောင်စီတရားရုံးက ထိုင်းတံငါသည်တွေကို ထောင်ဒဏ် (၆) နှစ် ချမှတ်ခဲ့ပေမယ့် အာ ဏာပိုင်တွေက လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ကြိုးပမ်းနေတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar will free arrested fishermen on Jan 4, says Thai defence minister

#Ayeyarwaddy_Times