ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်
ဒီသီတင်းပတ်အတွင်း မြန်မာ့အရေး ဆွေးနွေးပွဲနှစ်ခု ကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲတစ်ခုမှာ စစ် ကောင်စီကိုယ်စားလှယ် အနည်းဆုံး တစ်ဉီး တက်ရောက်မယ်လို့ ထိုင်းနိုင်ငံက တနင်္လာနေ့မှာ ပြော ကြားခဲ့ပါတယ်။
ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာဟာ ဒီဇင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ သီး ခြား ဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပါတယ်။
ကြာသပတေးနေ့ အစည်းအဝေးမှာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်ပြီး နယ်စပ်လုံခြုံရေးနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲတစ်ခုဖြစ်မယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ်ဘာလန်ကူရာက ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနဲ့ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။
သောကြာနေ့မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ မြန်မာ့အရေး ဝန်ကြီးအဆင့် အစည်းအဝေးတစ်ခု ပြုလုပ်ကာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ဆွေးနွေးကြမယ်လို့ နီကွန်ဒက်ဂျ်ဘာလန်ကူရာ က ပြောပါတယ်။
အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ် တက်ရောက်မှု ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ဖို့ သံန္နိဌာန်ချထား တယ်လို့ ၂၀၂၅ ခုနှစ်မှာ အာဆီယံဉက္ကဌ တာဝန်ယူမယ့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တနင်္လာနေ့မှာ ပြောပါတယ်။
“မြန်မာနိုင်ငံ အာဆီယံအဖွဲ့မှာ ပြန်လည်ပါဝင်လာရေး ကျွန်တော်တို့ အဆင့်အသီးသီးမှာ အ လွတ်သဘော ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်” လို့ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာနဲ့ အတူ ကွာလာလမ်ပူမြို့တော်မှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အန်ဝါအီဘရာဟင်က ပြောပါ တယ်။
ဒီဇင်ဘာလ (၂၀) ရက် အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်လို့ အင်ဒိုနီးရှား နိုင်ငံက ပြောကြားထားပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးနဲ့ မြန်မာ ကိုယ်တိုင်ဉီးဆောင်တဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်မယ့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးဖို့ အောက်တိုဘာလ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့က တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Thailand to host 2 regional meetings focused on Myanmar this week
#Ayeyarwaddy_Times