ဧရာဝတီတိုင်းမ်
ဇွန်လ ၂၇ ရက်

ထိန်းသိမ်းခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်သို့ မရွှေ့ ပြောင်းရန် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်က စစ်ကောင်စီကို တိုက် တွန်းလိုက်သည်။

“တိုင်းပြည်ပုံမှန်အခြေအနေ ရောက်ရှိရေးနဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံရေးဖြေရှင်းမှုကနေ အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်အဖြစ် နိုင်ငံတကာနဲ့ ပြည်တွင်းက အသိအမှတ်ပြုထားတယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး” ဟု စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင် လွင်ထံပေးပို့သည့် စာတစ်စောင်အတွင်း ပရတ်ခ်ဆိုခွန်က ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေအပြင် တရားဥပဒေစိုးမိုးရေးအတွက် မျှတသော တ ရားစီရင်မှုအလေ့အထကို ထည့်သွင်းစဉ်းစားကာ ၄င်းအား မူလထိန်းသိမ်းထားရာနေအိမ်သို့ ပြန်လည်ရွှေ့ပြောင်း ရန် အာဆီယံနိုင်ငံများနှင့်အတူ မိမိတို့က စစ်ကောင်စီကို တိုက်တွန်းကြောင်း ပရတ်ခ်ဆိုခွန်က ပြောသည်။

နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အားလုံးပါဝင်သော အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ရပ် စတင်ရန် အာဆီယံနိုင်ငံများအားလုံးက မြန်မာစစ်ကောင်စီကို အားပေးကြောင်း သူက ဆိုသည်။
ပဋိပက္ခတစ်ခုတွင် ငြိမ်းချမ်းသော နိုင်ငံရေးအဖြေရှာမှုတစ်ခုက မည်မျှပင်ရှုပ်ထွေးစေကာမူ ပါဝင်သူအား လုံး၏ နိုင်ငံရေးအရမျှဝေမှု ပါဝင်ရမည်ဟု သူက ပြောသည်။

အာဆီယံနိုင်ငံများကြား စည်းလုံးညီညွတ်မှု ပြန်လည်ရရှိစေမည့် အာဆီယံဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဆောင်မှု အရှိန်မြှင့်တင်ရန် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး တီးဘင်က စစ်ကောင်စီ အား တိုက်တွန်းလိုက်သည်။

ကိုးကား – ကမ္ဘောဒီးယားနက်စ်
Ref; Keep Suu Kyi Out of Jail: ASEAN Envoy