
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်
ရုရှားစစ်တပ်၊ ဇီဝနဲ့ဓာတုလက်နက်တပ်ဖွဲ့ရဲ့ အကြီးအကဲ ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးဟာ မော်စကိုမြို့က ဗုံးပေါက်ကွဲမှုတစ်ခုအတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အင်္ဂါနေ့က ဗုံးပေါက်ကွဲမှုအတွင်း ဒုတိယဗိုလ်ချုပ်ကြီး အိုင်ဂေါ်ကီရီလော့ဗ်နဲ့ သူ့ရဲ့လက်ထောက် တို့ သေဆုံးခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေး အာဏာပိုင်တွေက ပြောပါတယ်။
သူ့ရဲ့အိမ်အဝင်အနီးမှာ ဖောက်ခွဲရေးပစ္စည်းတစ်ခု တပ်ဆင်ထားခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကို အကြမ်း ဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် စုံစမ်းစစ်ဆေးနေတယ်လို့ ရုရှား အာဏာပိုင်တွေက ပြောပါတယ်။
စစ်မြေပြင်မှာ ပိတ်ပင်ထားတဲ့ ဓာတုလက်နက်တွေ ဖြန့်ကြက်မှုကြောင့် အစောပိုင်းမှာ ယူကရိန်း လုံခြုံရေးဌာနက အိုင်ဂေါ်ကီရီလော့ဗ်ကို စွဲချက်တင်ခဲ့ပါတယ်။
ရုရှား ဇီဝနဲ့ဓာတုလက်နက်တပ်ဖွဲ့က အမှုပေါင်း ၄၈၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ မှတ်တမ်း တင်ထားကြောင်း ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ယခုဖြစ်စဉ်ဟာ ရုရှားနိုင်ငံမှာ နောက်ဆုံး ဗုံးဖောက်ခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်လယ်က မော်စကိုမြို့တော် ဆင်ခြေဖုံးမှာ ခရီးသည်တင်ကားတစ်စင်းကို ဗုံးခွဲတိုက် ခိုက်ခဲ့ရာ သမ္မတ ဗလာဒီမာပူတင်နဲ့နီးကပ်တဲ့ ထင်ရှားသော ဒဿနာပညာရှင်တစ်ဦးရဲ့သမီးသေဆုံးခဲ့ပါ တယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း စိန့်ပီတာစဘတ်မြို့က ဗုံးပေါက်ကွဲမှုတစ်ခုအတွင်း ရုရှားစစ်တပ်လို လားတဲ့ ဘလော့ဂါတစ်ဉီး သေဆုံးခဲ့ပါတယ်။
ကိုးကား – NHK
Ref; Head of Russia’s chemical weapons unit killed in Moscow
#Ayeyarwaddy_Times