ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်

ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်နယ်စပ်ဒေသမှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ သုတ်သင်ခံခဲ့ရတဲ့ ဒါ ဇင်နဲ့ချီသော မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင်ကို ယူကရိန်းစစ်တပ်က ထုတ် ပြန်လိုက်တယ်လို့ ယူကရိန်းမီဒီယာတစ်ခုက ဖော်ပြပါတယ်။

စနေနေ့က ယူကရိန်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ဒေသက တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ တဲ့ မြောက်ကိုရီးယားစစ်သားတွေရဲ့ အလောင်းတွေကို နှင်းတွေနဲ့ဖုံးအုပ်နေတာကို Ukrainska Pravda သတင်းဌာနက ဒရုန်းတပ်ဖွဲ့ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အဆိုပါဒရုန်းတပ်ဖွဲ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ မျှဝေခဲ့တဲ့ ပို့စ်အသေးစိတ်ကိုတော့ အတည်မပြု နိုင်သေးပါဘူး။

ရုရှားနိုင်ငံက မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို အခြားရှေ့တန်းစစ်မျက်နှာပြင်တွေသို့ စေ လွှတ်နိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

“ရုရှားနိုင်ငံက တိုက်ပွဲတွေမှာ မြောက်ကိုရီးယားစစ်သားတွေကို စအသုံးပြုနေပြီဆိုတဲ့ ကနဉီး အ ချက်အလက်တွေ ကျွန်တော်တို့မှာ ရှိပြီးသားဖြစ်ပါတယ်” ဇီလန်စကီးက မိန့်ခွန်းတစ်ခုအတွင်း ပြောပါ တယ်။

“ရုရှားက မြောက်ကိုရီးယားစစ်သားတွေကို ပူးပေါင်းတပ်ဖွဲ့တွေမှာ ထည့်သွင်းပြီး ကာတ်စ်ဒေသ က စစ်ဆင်ရေးတွေမှာ အသုံးပြုနေပါတယ်။ ရုရှားက မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို အခြားရှေ့ တန်းစစ်မျက်နှာပြင်တွေကို စေလွှတ်နိုင်တယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်တို့ ရထားပါတယ်” လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားသို့ ထောင်ချီတဲ့တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား နဲ့ အမေရိကန်နိုင်ငံက စွပ်စွဲခဲ့ပြီး တပ်ဖွဲ့ဝင်အချို့က ရုရှားအနောက်ပိုင်း ကာတ်စ်ဒေသမှာ တိုက်ပွဲဝင်နေ တယ်လို့ ဆိုပါတယ်။

ကိုးကား – Yonhap
Ref; Ukrainian military releases image of N.K. troops allegedly killed in Kursk: report
#Ayeyarwaddy_Times