ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်

တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်အပေါ် ရပ်တည်ချက်ကို နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးက ဝေဖန်ခဲ့ပြီး တရုတ်နိုင်ငံက ကြီးနိုင်ငယ်ညှင်းလုပ်နေတယ်လို့ ပြောပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်က Carnegie Europe မှာပြုလုပ်တဲ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် သူက အခုလို ပြောကြားခဲ့တာပါ။

“တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေကို ကျွန်တော်တို့ ရှင်းလင်းစွာသိဖို့ လိုအပ်ပါတယ်။ တရုတ်နိုင် ငံဟာ ပွင့်လင်းမြင်သာမှု၊ ကန့်သတ်ချက်တွေမရှိဘဲ နျူကလီးယားလက်နက်တွေ အပါအဝင် စစ်အင်အား တည်ဆောက်နေပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မတိုင်မီ နျူကလီးယားလက်နက် ၁၀၀၀ ကျော် ပိုင်ဆိုင်ဖို့ မျှော်လင့်ရပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို အနိုင်ကျင့်နေပါတယ်” လို့ သူက ပြော ပါတယ်။

တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားနဲ့ အီရန်ရဲ့ စိန်ခေါ်မှုတွေကိုလည်း သူက မီးမောင်းထိုးပြခဲ့ပြီး အဆိုပါတိုင်းပြည်တွေဟာ လွတ်လပ်မှုကို ထိခိုက်စေကာ ကမ္ဘာ့ပုံစံကို ပြန်လည်ပုံဖော်ဖို့ ရည်ရွယ်တယ် လို့ ၎င်းက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့နည်းပညာ တိုးတက်လာမှုကိုလည်း မတ်ခ်ရုတေးက အချက်ပေးခဲ့ပြီး ကမ္ဘာ့လုံခြုံရေးအတွက် ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ သတိပေးပါတယ်။

ထိုင်ဝမ်-တရုတ်အရေးဟာ ရှုပ်ထွေးပြီး ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ဗဟိုပြုတဲ့ ကာလ ရှည် ပထဝီနိုင်ငံရေးဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

တရုတ်က ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်အဖြစ် သတ်မှတ်ပြီး “တရုတ်တစ်နိုင်ငံတည်းမူ ဝါဒ” အရ ပေကျင်းမြို့ဟာ မြို့တော်ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းမယ့် ရည်မှန်းချက်ကို ထုတ်ဖော်ပြောခဲ့ပြီး နိုင်ငံတကာမှာ ထိုင်ဝမ်ကို အထီးကျန်စေဖို့ သံတမန်ရေး၊ စီးပွားရေးနဲ့ စစ်ရေးဖိအားပေးနေပါတယ်။

ကိုးကား – The Economic Times
Ref; China is bullying Taiwan: NATO Secy General Mark Rutte, condemns lack of transparency in nuclear expansion

#Ayeyarwaddy_Times