ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၉ ရက်

မကြာသေးမီက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို မကြာသေးမီက ကြိုးပေးကွက်မျက်တာနဲ့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲပြုလုပ်ဖို့ စီစဉ်နေတာနဲ့ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ်မှုတွေ ရှိနေချိန်မှာ အိန္ဒိယ နိုင်ငံခြား ရေးဝန်ကြီးက အိန္ဒိယနိုင်ငံရဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီနဲ့ဆက်ဆံရေးကို ကာကွယ်ပြောကြား လိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကြောင့် အနောက်နိုင်ငံအချို့က စစ်ကောင်စီနဲ့ဆက်ဆံမှုကို အဆင့်လျှော့ချကာ စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယ၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေက ဝန်ကြီးအဆင့် ခရီးစဉ်တွေ အပြန်အလှန်လည်ပတ်တာ အပါအဝင် အာဏာသိမ်းစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ရပ်တည်ချက်က ကိုလိုနီလက်အောက် လွတ်လပ်ရေးကြိုးပမ်းချိန်မှ လက်ရှိအချိန်ထိ ဆယ်စုနှစ်ချီ မပြောင်းမလဲရှိခဲ့တယ်လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဆူဘရာမန်ယမ်ဂျိုင်ရှန်ကာ က ပြောပါတယ်။

အိမ်နီးချင်းတိုင်းပြည်တစ်ခုအနေနဲ့ ရာဇဝတ်မှု၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ မြန်မာနိုင်ငံက အိန္ဒိယသောင်းကျန်းသူ တွေလိုမျိုး နယ်စပ်ကိစ္စတွေကြောင့် အိန္ဒိယနိုင်ငံက မြန်မာစစ်ကောင်စီနဲ့ဆက်ဆံမှုကို ရှောင်လွှဲလို့မရဘူးလို့ ဗန်ကောက်မြို့က ချူလာလောင်ကွန်တက္ကသိုလ်မှာ ဂျိုင်ရှန်ကာက ပြောပါတယ်။

ဒီနှစ်အစောပိုင်းမှာ အိန္ဒိယသံအမတ်သစ်က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ထံ ခန့်အပ်လွှာ ပေးအပ်ခဲ့ရာ အိန္ဒိယနိုင်ငံက စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ ကမ္ဘာ့နိုင်ငံအနည်းငယ်အနက် တစ်နိုင်ငံဖြစ်လာခဲ့ ပါတယ်။

“စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံပေမယ့် မြန်မာပြည်သူတွေရဲ့ဆန္ဒကို ထင်ဟပ်စေခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီအထိုက်တန်ဆုံး တိုင်းပြည်ဖြစ်တယ်ဆိုတာ အလေးအနက် ယုံကြည်ပါတယ်” လို့ သူက ဆိုပါ တယ်။

လာမယ့်နှစ်မှာပြုလုပ်မယ့် အာဏာသိမ်း စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မ ပြုဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

ဓာတ်ပုံ -MOFA
ကိုးကား – The Straits Times
Ref; Indian foreign minister defends ties with Myanmar junta