ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးနားတစ်ဝိုက်မှာစစ်ကောင်စီတပ်တွေထောင်ထားတဲ့ နင်းမိုင်း ၇၈ လုံးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ခွဲဖြစ်တခုဖြစ်တဲ့ Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက ဖော်ထုတ် သိမ်းဆည်းရမိခဲ့တယ်လို့သတင်းထုတ်ပြန်ထုတ်ပါတယ်။

”သူတို့ထောင်ထားတဲ့ မိုင်းတွေက နင်းမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းတွေ မိုင်းရဲ့အပေါ်မျက်နှာပြင်မှာတော့ (LOT 217. 12014) တံဆိပ်တွေနဲ့ စစ်ရောင် ပေါ်မှာ အဝါရောင်အင်္ဂလိပ်လိုရေးထားတယ်” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောပါတယ်။

အဲ့ဒီ သိမ်းဆည်းရမိတဲ့ နင်းမိုင်း၇၈ လုံးကို Myanmar ချီဂွေဗားရားအဖွဲ့မှ ရဲဘော်များက စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်မယ့်တိုက်ပွဲများမှာ ပြန်လည်အသုံးပြုသွားမယ်လို့ဆိုပါတယ်။

ဓာတ်ပုံ-Myanmar ချီဂွေဗားရားအဖွဲ့