ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်

ရုရှားနိုင်ငံဟာ ကာတ်စ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့စခန်းတွေကို တိုက်ခိုက်ဖို့ မြောက်ကိုရီးယားစစ် သားတွေကို စတင်ဖြန့်ကြက်လိုက်ပြလို့ သမ္မတ ဇီလန်စကီးက စနေနေ့မှာ ပြောပါတယ်။

“ရုရှားနိုင်ငံက တိုက်ပွဲတွေမှာ မြောက်ကိုရီးယားစစ်သားတွေကို စတင်အသုံးပြုပြီဆိုတဲ့ ကနဉီး အချက်အလက်တွေ ကျွန်တော်တို့မှာ ရှိနေပါတယ်” လို့ ၎င်းက မိန့်ခွန်းတစ်ခုမှာ ပြောပါတယ်။

ရုရှားက မြောက်ကိုရီးယားစစ်သည်တွေကို ပူးပေါင်းတပ်ဖွဲ့မှာ ထည့်သွင်းပြီး ကာတ်စ်ဒေသက စစ်ဆင်ရေးတွေမှာ အသုံးပြုတယ်လို့ သူက ဆိုပါတယ်။

ရုရှားနဲ့မြောက်ကိုရီးယားဟာ ဒီနှစ်နွေရာသီမှာ သမိုင်းဝင် ကာကွယ်ရေးစာချုပ် လက်မှတ်ရေး ထိုးပြီးနောက် မြောက်ကိုရီးယားဟာ ရုရှားသို့ တပ်ဖွဲ့ဝင် ၁၀၀၀၀ စေလွှတ်ခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ရေးဆက်ဆံမှု တိုးမြှင့်ခဲ့ပါတယ်။

ရုရှားနိုင်ငံအနောက်ပိုင်း ကာတ်စ်ဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၁၀၀၀ ရှိပြီး ထိခိုက်ဆုံး ရှုံးမှုတွေ ရှိခဲ့တယ်လို့ ဇီလန်စကီးက ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံဟာ ကာတ်စ်ဒေသမှာ စတုရန်းကီလိုမီတာ ၃၀၀ ထိန်းချုပ်ထားဆဲဖြစ်ပြီး ယခင် ထိန်းချုပ်ထားတဲ့ စတုရန်းကီလိုမီတာ ၁၄၀၀ ထက် လျှော့နည်းလာခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြော ပါတယ်။

ကိုးကား – AFP
Ref; Russia using N. Korean troops in bid to reclaim Kursk: Zelensky

#Ayeyarwaddy_Times