
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ ထိုင်ဝမ် လွတ်လပ်ရေးကြိုးပမ်းမှုကို တိုက်ခိုက်ဖို့နဲ့ အမျိုးသား ပြန်လည်ပေါင်းစည်းရေး တိုးမြှင့်ဖို့ ဘယ်တော့မှ တုံ့ဆိုင်းမှာမဟုတ်ဖူးလို့ တ ရုတ်စစ်တပ်က ပြောပါတယ်။
လိုအပ်ချက်တွေ၊ မြေပြင်အခြေအနေနဲ့အညီ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ် မလုပ် တရုတ်စစ် တပ်က ဆုံးဖြတ်ရမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝူကျင်းက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“တရုတ်စစ်တပ်ဟာ ထိုင်ဝမ် လွတ်လပ်ရေးကြိုးပမ်းမှုကို တိုက်ခိုက်ဖို့နဲ့ အမျိုးသားပြန်လည် ပေါင်းစည်းရေး တိုးမြှင့်ဖို့ ဘယ်တော့မှ တုံ့ဆိုင်းမှာမဟုတ်ပါဘူး။ ပြည်ပအထောက်အပံ့နဲ့ တိုင်းပြည်ပြိုကွဲ ဖို့ ကြိုးပမ်းမှုမှန်သမျှကို အပြစ်ပေးသွားမှာပါ” လို့ ၎င်းက ဆိုပါတယ်။
တရုတ်နိုင်ငံက အရှေ့ပိုင်းနယ်မြေ ရေပိုင်နက်မှာ ဗုဒ္ဓဟူးနေ့အထိ လေကြောင်းကန့်သတ်ချက် တွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်ဝမ်က ကြေညာပြီးနောက် သူက အခုလို ထုတ်ပြန်ခဲ့တာပါ။
တရုတ်နိုင်ငံဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ထိုင်ဝမ်ကျွန်းဝန်းကျင် ရေပိုင်နက်မှာ စစ်သင်္ဘောများ စွာ စေလွှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တရုတ်က ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာကို အတည်မပြုသလို မငြင်းဆန်ခဲ့ပါဘူး။
ကိုးကား – Anadolu
Ref; Chinese military will never be absent, hesitant in fighting Taiwan independence: Defense Ministry
#Ayeyarwaddy_Times