ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက ယူကရိန်းနိုင်ငံသို့ ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိ စစ် လက်နက်အကူအညီပေးမယ်လို့ ကြာသပတေးနေ့က ကြေညာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

လက်ရှိအစိုးရသက်တမ်း ကုန်ဆုံးချိန်အထိ အမေရိကန်နိုင်ငံက ယူကရိန်းသို့ ထပ်တိုးအကူအညီ တွေ ဆက်လက်ပေးအပ်မယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အစောပိုင်းမှာ ပြော ကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံသို့ ဒေါ်လာ ၇၂၅ သန်းတန်ကြေးရှိ ဒုံးကျည်တွေ၊ ခဲယမ်းမီးကျောက်၊ မိုင်းနဲ့ အခြား လက်နက်တွေ ထောက်ပံ့မယ်လို့ အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြောကြားခဲ့ပါတယ်။

ရီဗက်ပလီကင်ပါတီမှ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် စတင်တာဝန်ယူမယ့် ဇန်နဝါရီလအ တွင်း ဂျိုးဘိုင်ဒင်ရဲ့သက်တမ်း မကုန်ဆုံးမီ ရုရှားကျူးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းနိုင်ငံကို ကူညီ ဖို့ ဂျိုးဘိုင်ဒင်အစိုးရက ကြိုးပမ်းနေပါတယ်။

အမေရိကန်အစိုးရက ယူကရိန်းသို့ပေးအပ်တဲ့ စစ်ရေးအကူအညီထဲမှာ HIMARS ဒုံးကျည်တွေ၊ HARMs ဒုံးကျည်တွေနဲ့ အခြားအကူအညီတွေ ပါဝင်တယ်လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။

ဂျိုးဘိုင်ဒင်ဟာ ကွန်ဂရက်ရဲ့ အတည်ပြုချက်မလိုပဲ Presidential Drawdown Authority (PDA) ရန်ပုံငွေ ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံခန့် ယူကရိန်းသို့ ပေးအပ်ခွင့်ရှိပါတယ်။

ကိုးကား – Reuters
Ref; US announces new arms aid package for Ukraine worth $500 million

#Ayeyarwaddy_Times