ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

ထိုင်ဝမ်ကျွန်းအနီး ရေပိုင်နက်သို့ တရုတ်နိုင်ငံရဲ့ စစ်သင်္ဘောတွေ စေလွှတ်မှုကို ထိုင်ဝမ် နိုင်ငံခြား ရေးဝန်ကြီးဌာနက ရှုတ်ချခဲ့ပြီး စစ်ရေးအရ ခြိမ်းခြောက်တာ ချက်ချင်း ရပ်တန့်ဖို့ တရုတ်နိုင်ငံကို တိုက် တွန်းလိုက်ပါတယ်။

ဂျပန်၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်ကြား ရေပိုင်နက်ဝန်းကျင်မှာ နေ့စဉ် တရုတ်စစ်သင်္ဘောများစွာကို မြင် တွေ့ခဲ့ရပြီး တရုတ်ရေယာဉ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာလို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန် ကြီးဌာနက ဒီဇင်ဘာလ ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတဲ့ ယုတ္တမရှိသော လုပ်ရပ်တွေ ချက်ချင်း ရပ်တန့်ဖို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း အဆိုပါဧရိယာသို့ စစ်သင်္ဘော အစင်း ၉၀ ကျော် စေလွှတ်ခဲ့တယ်လို့ လုံခြုံရေး တာဝန်ရှိသူတစ်ဉီးကို ကိုးကားပြီး ထိုင်ဝမ်မီဒီယာတွေက ဖော်ပြပါ တယ်။

လက်ရှိအခြေအနေဟာ ၁၉၉၆ ခုနှစ် ထိုင်ဝမ်ရေလက်ကြား ဒုံးကျည်အရေးအခင်းနောက်ပိုင်း အ ကြီးမားဆုံး ရေတပ်လှုပ်ရှားမှုတစ်ခုလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်မနက်ပိုင်းအထိ ၂၄ နာရီအတွင်း အဆိုပါရေပိုင်နက်အတွင်း တရုတ်လေ ယာဉ် ၅၃ စင်းနဲ့ စစ်သင်္ဘော ၁၉ စင်း တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု ခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးရဲ့ မကြာသေးမီက ဟာဝိုင်အီနဲ့ဂူအမ်ကျွန်း ခရီးတစ်ထောက်နားမှု အပြင် အမေရိကန် ကွန်ဂရက်အမတ်အချို့နဲ့ ဖုန်းပြောဆိုမှုကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။ တ ရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖွယ်ရှိတယ်လို့ သိရပါ တယ်။

တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေက အာရှ-ပစိဖိတ်နိုင်ငံတွေကို အကျိုးသက်ရောက်စေလို့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိန်းသိမ်းရေးမှာ ထိုင်ဝမ်နဲ့ ပူးပေါင်းကြဖို့ ဒီမိုကရေစီနိုင်ငံတွေကို တောင်းဆို တယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – NHK
Ref; Taiwan urges China to stop military intimidation
#Ayeyarwaddy_Times