ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

အမျိုးသားညီညွတ်ရေးအစ်ိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD)က တိုင်းစစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

တိုင်းစစ်ဌာန(ဧရာဝတီ)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၏ ကွပ်ကဲအုပ်ချုပ်မှုကိုခံယူ၍ ပြည်သူ့သားကောင်း စစ်သည်တော်များဖြင့် စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း တိုင်းစစ်ဌာန-ဧရာဝတီ က ထုတ်ပြန်ထားသည်။

တိုင်းစစ်ဌာန(ဧရာဝတီ)၏ အန္တိမရည်မှန်းချက်သည် ဧရာဝတီမြေကို ထိုးဖောက်ဝင်ရောက်ပြီး အောင်ပွဲများ ရယူနိုင်ရန်အတွက် မဟာမိတ် (EROs) များနှင့် လက်တွဲပူးပေါင်း၍ ကြိုးစားတည်ဆောက် တိုက်ပွဲဝင်လျက်ရှိသည်ဟု ဆိုထားသည်။

#တိုင်းစစ်ဌာန(ဧရာဝတီ) #ဖွဲ့စည်း #NUG #ကာကွယ်ရေးဝန်ကြီးဌာန #Ayeyarwaddy_Times