ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်
အရပ်သားတွေ ဘေးဒုက္ခရောက်ပြီး အိုးအိမ်စွန့်ခွာမှု ဖြစ်စေခဲ့တဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု တွေ အရှိန်မြှင့်လာတဲ့သတင်းတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အလွန် အမင်း စိုးရိမ်ပူပန်တယ် လို့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူက နယူးယောက်မြို့တော်မှာ ပြောပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေဖြစ်စေတဲ့ စစ်တပ်ရဲ့ ရမ်းသမ်း လေကြောင်းတိုက်ခိုက်မှု တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက စစ်အုပ်ချုပ်ရေးအောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာဉပဒေအရ အရပ်သားတွေကို ကာကွယ် ပေးဖို့ ဂူတာရက်စ်က ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။
လူမျိုးစုတွေကြား ပဋိပက္ခတွေဖြစ်စေနိုင်တဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို တားဆီးကြဖို့လည်း ၎င်း က သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုဟာ ကျဆင်းခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းနဲ့ဘိန်း ဖြူ ထိပ်တန်းထုတ်လုပ်တဲ့တိုင်းပြည်လို့ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အဆိုပါစစ်တမ်းဟာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း တတိယမြောက် ဘိန်းစိုက်ရာသီမှာ ပြု လုပ်ခဲ့တဲ့ အချက်အလက်တွေကို အခြေခံတာဖြစ်တယ်လို့ သိရပါတယ်။
ကိုးကား – https://www.ungeneva.org
Ref; orld News in Brief: Gaza medical challenge, justice for Africa, rising violence in My
#Ayeyarwaddy_Times