ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ဖို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ဖိတ်ကြားခဲ့ပေမယ့် ရှီကျင့်ဖျင်က ဖိတ်ကြားချက်ကို လက်ခံ မခံရှင်းရှင်းလင်းလင်း မသိရဘူးလို့ အမေရိကန်မီဒီယာတစ်ခုက ဖော်ပြပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီလ ၂၀ ရက်မှာ ဝါရှင်တန်မြို့တော်၌ပြုလုပ်မယ့် သူ့ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားသို့ ရှီကျင့်ဖျင်ကို ဖိတ်ကြားခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပြီးနောက် နိုဝင်ဘာလအစောပိုင်းမှာ ဖိတ် ကြားချက်ကို ရှီကျင့်ဖျင်ထံ ပေးပို့ခဲ့တာလို့ CBS သတင်းဌာနက ဆိုပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့ဟာ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အခြားပြည်ပခေါင်း ဆောင်တွေကို ဖိတ်ကြားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲတွေမှာ သံအမတ်တွေ၊ သံတမန်တွေကိုသာ ဖိတ်ကြားလေ့ရှိပေမယ့် နိုင်ငံ ခြားရေးဝန်ကြီးဌာနရဲ့ ၁၈၇၄ ခုနှစ်အထိ မှတ်တမ်းတွေအရ မည်သည့် ပြည်ပခေါင်းဆောင်မှ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့တာမရှိပါဘူး။

ဒေါ်နယ်ထရမ့်ဟာ အစိုးရအဖွဲ့သစ်မှာ သံတမန်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို ကိုင်တွယ်ရတဲ့ အ ရေးပါသောရာထူးနေရာတွေမှာ တရုတ်နိုင်ငံအပေါ် သဘောထားတင်းမာသူတွေကို ခန့်အပ်ခဲ့ပါတယ်။

မူးယစ်ဆေးပြဿနာတွေဖြေရှင်းမယ့် အစီအမံတွေနဲ့ပတ်သက်လို့ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေး ခဲ့တယ်လို့ တနင်္ဂနွေနေ့က NBC ရုပ်သံဌာနဲ့ အင်တာဗျူးတစ်ခုမှာ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ကိုးကား – NHK
Ref; US media: Trump invited China’s Xi Jinping to his inauguration

#Ayeyarwaddy_Times