ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

ကချင်ပြည်နယ်၊ မိုးကောင်း-ဖားကန့်လမ်းကြော မိုးကောင်းမြို့နှင့် ကာမိုင်းမြို့ကြားကို စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

ရှစ်မိုင် ကျေးရွာအနီးရှိ ရှစ်မိုင်ဂိတ်ကို စစ်ကောင်စီနှင့် SNA ရှမ်းနီတပ် ပူးပေါင်းအင်အား ၃၀၀ ခန့်သည် ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်မှစ၍ စစ်ကြောင်းထိုးလာရာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါ ရှစ်မိုင်လမ်းကြောတွင် KIAတပ်စခန်းထိုင်ထားခြင်းမရှိဘဲ စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍သာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ခမရ ၃၈၁ နှင့် ခမရ ၃၈၂ တပ်များက ဦးဆောင်ထိုးစစ်ဆင် နေကြောင်း သိရသည်။

“SNA ပြည်သူ့စစ်နဲ့စစ်တပ်နှစ်ခုပေါင်းပြီး စစ်ကြောင်း သုံးကြောင်းခွဲပြီးတော့ ထိုးစစ်ဆင်လာတာ၊ မနေ့က ည ၇ နာရီကျော်အထိ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ် တယ်”ဟု မိုးကောင်းဒေသခံတဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

လက်ရှိတွင် ဗန်းမော်မြို့၌လည်း စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး KIA က မြို့၏ အရေးပါသော နေရာများကို ထိန်းချုပ်ကာ ဆက် လက်ထိုးစစ်ဆင်နေကြောင်း သိရသည်။

ထို့အပြင် မိုးမောက်မြို့ဘက်မှ စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်ကို KIA က လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့မှာ နှစ်မိုင်အနီးထိ တပ်ဆုတ်ပေးနေရပြီဖြစ်ကြောင်း သိရသည်။

(ပုံဟောင်း)

#ကချင် #မိုးကောင်း #စစ်ကောင်စီတပ် #စစ်‌ကြောင်း ထိုး #KIA #တိုက် ပွဲ #ပြင်းထန်

#Ayeyarwaddy_Times