ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဒီဇင်ဘာလ (၁၀) ရက်က ယူကရိန်းနိုင်ငံသို့ ဒေါ်လာ (၂၆၆) သန်းတန်ကြေးရှိ စစ်လက်နက်တွေရောင်းချဖို့ အတည်ပြုလိုက်ပါတယ်။

တရားဝင် အတည်မပြုရသေးတဲ့ အမေရိကန်နိုင်ငံရဲ့ စစ်လက်နက်ရောင်းချမှုမှာ F-16 ဂျက်တိုက် လေယာဉ် အစိတ်အပိုင်းတွေ၊ စစ်လက်နက်ဆော့ဝဲလ်တွေ၊ လေ့ကျင့်ရေးကိရိယာတွေအပြင် အပိုပစ္စည်း တွေ ပါဝင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒိန်းမတ်နိုင်ငံက ယူကရိန်းသို့ ဒုတိယအသုတ် F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့ခဲ့ရာ တိုင်း ပြည်ရဲ့ လေကြောင်းကာကွယ်ရေးစွမ်းပကားကို ပိုမိုမြှင့်တင်ပေးလိုက်ပြီလို့ သမ္မတ ဇီလန်စကီးက ဒီဇင် ဘာလ ၇ ရက်မှာ ကြေညာပြီးနောက် အမေရိကန်နိုင်ငံရဲ့ စစ်လက်နက်ရောင်းချမှု အတည်ပြုချက် ဖြစ် လာတာပါ။

အမေရိကန်နိုင်ငံရဲ့ စစ်လက်နက်ရောင်းချမှုကြောင့် ယူကရိန်းရဲ့ မျက်မှောက်နဲ့ အနာဂတ် ခြိမ်း ခြောက်မှုတွေကို ဖြေရှင်းနိုင်စွမ်း တိုးတက်လာမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောပါတယ်။

နေတိုးအဖွဲ့က ယူကရိန်းနိုင်ငံကို လေ့ကျင့်မှုနဲ့ ဂျက်တိုက်လေယာဉ်တွေ ပံ့ပိုးကူညီဖို့ ထိပ်သီး ဆွေးနွေးပွဲတစ်ခုမှာ သဘောတူခဲ့ပြီးနောက် ယူကရိန်းဟာ ဩဂုတ်လမှစပြီး ပထမအသုတ် F-16 ဂျက် တိုက်လေယာဉ်တွေ လက်ခံရရှိခဲ့ပါတယ်။

ယူကရိန်းလေယာဉ်မှူးတွေအတွက် လေ့ကျင့်ရေးနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိလင့်ကစား ယူက ရိန်းရဲ့ အကန့်အသတ်ရှိတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေက ရုရှားလေကြောင်းပစ်မှတ်တွေကို တိုက် ခိုက်နိုင်ခဲ့ပါတယ်။

မတော်တဆဖြစ်စဉ်အချို့ရှိပေမယ့် ရာနဲ့ချီတဲ့ ယူကရိန်းပိုင်းလော့ခ်တွေဟာ အမေရိကန်အပါအ ဝင် မြောက်များလှစွာသော အနောက်မဟာမိတ်တွေထံမှ F-16 ဂျက်တိုက်လေယာဉ်လေ့ကျင့်မှုတွေ ရရှိ ခဲ့ပါတယ်။

HIMARS ဒုံးကျည်တွေနဲ့ ဒရုန်းတွေအပါအဝင် ယူကရိန်းသို့ ဒေါ်လာ (၉၈၈) သန်းတန်ကြေးရှိ စစ်ရေးအကူအညီပေးမယ်လို့ အမေရိကန်နိုင်ငံက ဒီဇင်ဘာလ ၇ ရက်မှာ ကြေညာခဲ့ပါတယ်။

ကိုးကား – The Kyiv Independent
Ref; US announces $266 million in sales to bolster Ukraine’s F-16 fighter jets

#Ayeyarwaddy_Times