
မြန်မာနိုင်ငံရှိ သူ့စီမံကိန်းတွေတဲ့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ တရုတ် တောင်းဆို)
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး မြန်မာနိုင်ငံ ရဲ့ လက်ရှိပဋိပက္ခနဲ့ ပရမ်းပတာဖြစ်မှုတွေကို နောက်ဆုံး မြင်တွေ့ရဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်မှာကျင်းပတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်း ပွဲမှာ AFP သတင်းဌာနရဲ့ မေးမြန်းချက်ကို ပြောရေးဆိုခွင့်ရအမျိုးသမီး မော်နင်က အခုလို ဖြေကြားခဲ့ တာပါ။
KIA ကိုယ်စားလှယ်အဖွဲ့ဟာ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံသို့ လာရောက်ခဲ့ပေမယ့် ဆွေးနွေးမှု ပြုလုပ်မယ့်နေရာနဲ့ အကြောင်းအရာကို အသေးစိတ်မဖော်ပြတာကြောင့် အတည်ပြုပေးဖို့ AFP သတင်း ဌာနက မေးမြန်းခဲ့တာပါ။
တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့နဲ့ ဖြစ်နိုင်သမျှစောပြီး အပစ်အခတ်ရပ်စဲဖို့ မြန်မာနိုင်ငံမှ သက် ဆိုင်ရာအဖွဲ့အစည်းတွေကို တရုတ်နိုင်ငံက တောင်းဆိုတယ်လို့ သူက ဆိုပါတယ်။
တရုတ်နယ်စပ်လုံခြုံရေးကို မထိခိုက်စေဖို့၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းတွေ၊ စီးပွားရေးလုပ် ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေကို မထိခိုက်ရေး ကာကွယ်ပေးဖို့လည်း ၎င်းက တောင်းဆိုပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးဖို့နဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကောင်းဆုံး ပံ့ပိုးကူညီဖို့ တရုတ်နိုင်ငံက တက်ကြွစွာ ဆက်လက်ကူညီမယ်လို့ မော်နင်က ပြောပါတယ်။
ကိုးကား – https://www.fmprc.gov.cn
Ref; Foreign Ministry Spokesperson Mao Ning’s Regular Press Conference on December 10, 2024
#Ayeyarwaddy_Times