
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၂ ရက်
သံသယဖြစ်ဖွယ်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြုတ်ချခံ ဆီးရီးယားသမ္မတ ဘာ ရှားအယ်လ်အာဆတ်ကို ကမ္ဘာ့တရားရုံးတစ်ခုသို့ လွှဲပြောင်းပေးဖို့ တောင်းဆိုလာရင် ပြုလုပ်မှာမဟုတ်ဖူး လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီယက်ကော့ဗ်က ပြောပါတယ်။
အာဆတ်ဟာ လက်ရှိ ရုရှားနိုင်ငံမှာ ခိုလှုံနေတယ်လို့ ဒီဇင်ဘာလ ၁၀ ရက်က NBC ရုပ်သံဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ဆာဂျီယက်ကော့ဗ်က ဝန်ခံခဲ့ပါတယ်။
“သမ္မတ အာဆတ်ဟာ ရုရှားနိုင်ငံမှာ ရှိနေပြီး ဘေးကင်းလုံခြုံပါတယ်။ ရုရှားနိုင်ငံဟာ သာမန် ထက်ပိုလွန်တဲ့ အခြေအနေအရ လိုအပ်သလို ဆောင်ရွက်ပါတယ်” လို့ သူက ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က တရားစွဲဆိုဖို့ အာဆတ်ကို လွှဲပြောင်းပေးဖို့ တောင်း ဆိုလာပါက ရုရှားနိုင်ငံက လွှဲပြောင်းပေးမှာလားလို့ မေးမြန်းရာမှာ မော်စကိုက အာဆတ်ကို လွှဲပြောင်း ပေးမှာမဟုတ်ဖူးလို့ ၎င်းက အရိပ်အမြွက်ပြောပါတယ်။
ရုရှားနိုင်ငံဟာ ICC ကို ထူထောင်ခဲ့တဲ့ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံမ ဟုတ်ဖူးလို့ သူက ဆက်ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဆီးရီးယားအခြေအနေကို ICC သို့ လွှဲပြောင်း ပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ဆွေးနွေးခဲ့ပါတယ်။
အာဆတ်အစိုးရနဲ့ အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူး လွန်ခဲ့တယ်လို့ ဆုံးဖြတ်ချက်မူကြမ်းက ဆိုပေမယ့် ရုရှားနဲ့တရုတ်ရဲ့ ကန့်ကွက်မှုကြောင့် အတည်မပြုနိုင် ခဲ့ပါဘူး။
ကိုးကား – NHK
Ref; Russian official: Syria’s Assad is in Russia and ‘secured’
#Ayeyarwaddy_Times