ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်
ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့နယ်အတွင်း ဒီဇင်ဘာလအစပိုင်းမှစတင်ပြီး နာရီအနည်းငယ်သာ လျှပ်စစ်မီးလာသဖြင့် ဒေသခံများ အခက်အခဲကြုံတွေ့နေရကြောင်း သိရှိရသည်။
ပုသိမ်မြို့နယ်အတွင်း တစ်နေ့လျှင် လျှပ်စစ်မီးရရှိချိန်ပျှမ်းမျှ သုံးနာရီခန့်သာရှိပြီး ၊ မီးလာသည့်အချိန်ထက် မီးပျက်သည့်အချိန်က များနေကြောင်း ဒေသခံများက ပြောသည်။
“မနက်ကျောင်းချိန် အလုပ်အချိန်ဆိုမလာဘူး။ တစ်နေ့ခင်းလုံးပျက်နေပြီး ညဥ့်နက်မှလာတယ် မနက်လေးနာရီလောက်ဆိုပျက်ရော။ မီတာခကြတော့ ပုံမှန်ပဲ လျော့တယ်မရှိဘူး”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ယင်းကဲသို့ လျှပ်စစ်မီးပြတ်တောက်ချိန် များနေသည့်အတွက် အသေးစားစက်မှုလုပ်ငန်းလုပ်ကိုင် သူများအခက်အခဲများဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ပုသိမ်မြို့နယ်တွင် လျှပ်စစ်မီးပုံမှန်ရရှိခြင်းမရှိသော်လည်းမီတာခကို ပုံမှန်လာရောက်ကောက်ယူပြီး မီတာခကြွေးကျန်ရှိသောနေအိမ်များကို လျှပ်စစ်ရုံးဝန်ထမ်းများမှ မီတာလာရောက်ဖြုတ်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
#ပုသိမ်မြို့နယ် #နာရီအနည်းငယ်သာ #လျှပ်စစ်မီး #ပေးသဖြင့် #ဒေသခံများအခက်ကြုံ #Ayeyarwaddy_Times