ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

စစ်ကောင်စီသည်ကုန်စည်ဈေးနှုန်းများကို ထိန်းချုပ်ရန် ကော်မတီများဖွဲ့စည်းထားရာတွင် ယခုနှစ်ကုန်ပိုင်းတွင် ဓာတ် သတ္တု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီဖွဲ့စည်းပြီး နေ့စဉ်ပြည်တွင်းရွှေဈေး သတ်မှတ် ဈေးနှုန်းထုတ်ပြန်ရာ၌ ပြင်ပပေါက်ဈေးနှင့် ကွာခြားလျက်ရှိကြောင်းသိရသည်။

အဆိုပါကော်မတီ၏ ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ဈေးသတ်မှတ်ချက်တွင် ရွှေ ၁ ကျပ်သားစံချိန်မီရွှေ (အခေါက်ရွှေ) တစ်ကျပ်သား ကျပ် ၅၄ သိန်းနီးပါးသတ်မှတ်ပြီး အကယ်ဒမီအခေါက်ရွှေပြင်ပပေါက်ဈေး တစ်ကျပ်သားလျှင် ကျပ် ၆၁ သိန်း ၉ သောင်းဖြစ်ကြောင်း ဈေး ကွက်အတွင်းစုံစမ်းသိရသည်။

ယခင်ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ အခေါက်ရွှေရည်ညွှန်းဈေးသတ်မှတ်ရာတွင်လည်း ပြင်ပပေါက် ဈေးဖြင့် ကွာဟလျက်ရှိသည်။

ထို့ပြင် ယနေ့ညနေဈေးပိတ်ရွှေပေါက်ဈေးမှာ တစ်ကျပ်သားလျှင် ၆၁ သိန်း ၅ သောင်းကျပ်ဖြင့် ဈေးပိတ်ကာ ယခုရက်ပိုင်းအတွင်း ရွှေဈေးအနည်းငယ်၊ အတက်အကျရှိကြောင်းသိရသည်။

စစ်ကောင်စီ ရွှေဝန်ဆောင်မှုလုပ်ငန်းကို ဓာတ်သတ္တုအနေဖြင့်လိုင်စင်ပြန်တင်ရန်ညွှန်ကြားထားပြီး ၃ လအတွင်းလိုင်စင်မတင်သူများကို အရေးယူမည်ဖြစ်ကြောင်း၊ လိုင်စင်မရှိသူများကိုအရေးယူမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ထို့ပြင် ရွှေထည်နှင့် ရွှေစင်ရွှေတုံးဝယ်ယူသူများသည်လည်း ကုန်သွယ်ခွန် ၃ ရာခိုင်နှုန်း ပေးဆောင်ရန် ပြည်ထောင်စုအခွန် အကောက်ဥပဒေတွင် ပြဌာန်းထားသည်။

ဓာတ်ပုံ – လူမှူကွန်ရက်
#စစ်‌ကောင်စီရွှေသတ်မှတ်ဈေးကွာခြား #ပြင်ပပေါက်ဈေးပိုများလျက်ရှိ #Ayeyarwaddy_Times