ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

မြန်မာပြည်သူတွေကို ကူညီနိုင်ရေး ပိုမို လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုပြီး လာမယ့်နှစ်မှာ ကလေးငယ် ၆ ဒသမ ၄ သန်း အပါအဝင် ပြည်သူ သန်း (၂၀) နီးပါးဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်မယ်လို့ ပြောပါ တယ်။

ကလေးငယ် (၃) သန်း အပါအဝင် အကူအညီလိုအပ်သူ မြန်မာပြည်သူ (၂၀) ရာခိုင်နှုန်းခန့်ကို ပံ့ပိုးကူညီဖို့ ယူနီဆက်ဖ်က ရည်မှန်းချက်တစ်ရပ် သတ်မှတ်ထားပါတယ်။

ယူနီဆက်ဖ်ရဲ့ အကူအညီထဲမှာ အဓိကအားဖြင့် ပညာရေးအကူအညီနဲ့ အိမ်သာလိုမျိုး ကျန်းမာ ရေးဆိုင်ရာတွေ ပါဝင်မယ်လို့ သိရပါတယ်။

မြန်မာပြည်သူတွေအတွက် ဒေါ်လာ သန်း (၂၈၀) တန်ကြေးရှိ လူသားချင်းစာနာမှု အကူအညီ လို အပ်တယ်လို့ ယူနီဆက်ခ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ ကြောက်မတ်ဖွယ်ရာလို့ ယူနီဆက်ဖ် အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး June Kunugi က ပြောကြားခဲ့ပြီး ကမ္ဘာ့စင်မြင့်မှာ မြန်မာ့အရေးကို စိတ် ဝင်စားမှု ဆုံးရှုံးနိုင်တဲ့အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။

“မြန်မာပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေကို မမေ့လျှော့ဖို့ ကျွန်မတို့ နိုင်ငံတကာအ သိုင်းအဝိုင်းကို တောင်းဆိုပါတယ်” လို့ ၎င်းက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ ၃ ဒသမ ၄ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရ တယ်လို့ ယူနီဆက်ခ်က ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခအပြင် မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆိုးရွားသော ရာသီဉတု ဖြစ်စဉ်တွေ တွေ့ကြုံခဲ့ရပြီး စက်တင်ဘာလအတွင်း ရေဘေးကြောင့် ပြည်သူ ၆၀၀၀၀၀ ကျော် ဘေးသင့် ခဲ့ပါတယ်။

ကိုးကား – NHK
Ref; UN sets new target for Myanmar support

#Ayeyarwaddy_Times