ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်
နေတိုးအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ခွင့်မရမီ တိုင်းပြည်တွင်းမှာ ပြည်ပတပ်ဖွဲ့တွေ တပ်စွဲခွင့်ပြုမယ့်စိတ် ကူးကို သူ့အနေနဲ့ ထည့်သွင်းစဉ်းစားနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်ရဲ့ မှတ်ချက်စကားကို ကိုးကားပြီး သူက တနင်္လာနေ့မှာ အ ခုလို မှတ်ချက်ပြုခဲ့တာပါ။
အနောက်နိုင်ငံတွေက ယူကရိန်းသို့ မြေပြင်တပ်ဖွဲ့တွေ စေလွှတ်နိုင်ဖွယ်ရှိတာ အပါအဝင် ဖြစ်နိုင် ချေအားလုံးကို ထည့်သွင်းစဉ်းစားရမယ်လို့ မေခရွန်က ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံက နေတိုးအဖွဲ့ကို ဝင်ရောက်ခွင့်ရရှိချိန်မှာ အရင်ဆုံး ရှင်းလင်းသော နားလည်မှုရှိ ရမယ်လို့ ၎င်းက ဆိုပါတယ်။
ရုရှားကျူးကျော်စစ်ကို တိုက်ခိုက်မယ့် တပ်ဖွဲ့ဝင်တွေ အင်အားလုံလောက်စေဖို့ ယူကရိန်းလူငယ် တွေရဲ့ စစ်မှုထမ်းအသက်လျှော့ချဖို့ အမေရိကန်နိုင်ငံရဲ့ တောင်းဆိုချက်ကို ဇီလန်စကီးက ပယ်ချခဲ့ပါ တယ်။
စစ်မှုထမ်းရမယ့် အသက်အရွယ်ကို လျှော့ချတာထက် ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် လျှော့နည်းလာစေဖို့ ယူကရိန်းသို့ ဒုံးကျည်တွေ ထောက်ပံ့ပေးရေးကို ဉီးစားပေးသင့်တယ်လို့ ၎င်းက လူ မှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ ဧပြီလအတွင်း လူငယ်တွေ စစ်မှုထမ်းရမယ့် အသက်အရွယ်ကို ၂၇ နှစ်မှ ၂၅ နှစ်သို့ လျှော့ချခဲ့ပါတယ်။
ကိုးကား – NHK
Ref; Zelenskyy hints at foreign troop stationed in Ukraine before joining NATO
#Ayeyarwaddy_Times