ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့၊ မနော်ဟရီလမ်းရှိ လွပ်လပ်ရေးပန်းခြံတွင် ဒီဇင်ဘာလ ၁၀ ရက် နေ့နံနက်က ခုနှစ်တန်း (Grade-7)ကျောင်းသားတစ်ဦး ဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ဘိုကလေးမြို့ အမှတ် ၇ ရပ်ကွက်တွင် နေထိုင်ပြီးအထက (၁)တွင် ကျောင်းတက်နေသည့် အသက် ၁၄ နှစ်အရွယ် မောင်ရာဇာမိုး ဆိုသူဖြစ်ကြောင်း သိရသည်။

“အဲ့ကလေးက ၉ရက်နေ့ည ကတည်းက အိမ်ကနေအပြင်ထွက်သွားတာ။ တစ်ညလုံးပြန်မလာလို့မိဘတွေစိတ်ပူပြီး လိုက်ရှာတော့ ပန်းခြံက ရေကန်ထဲမှာ ဒဏ်ရာတွေနဲ့သေဆုံးနေတာကိုပြန်တွေ့တာ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကို ပြောသည်။

မောင်ရာဇာမိုး၏ နဖူးတွင်ထုရိုက်ခံထားရသောဒဏ်ရာ၊နှတ်ခမ်းတွင် ပေါက်ပြဲဒဏ်ရာ၊ရင်ဘတ်တွင် ညိုမဲဒဏ်ရာများတွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါကျောင်းသား သေဆုံးမှုနှင့်ပါတ်သတ်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ဘိုကလေးမြို့ပေါ်ရှိ လူငယ်ခြောက်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများထံမှသိရှိရသည်။

#ဘိုကလေးမြို့ #လွပ်လပ်ရေးပန်းခြံ #၇တန်းကျောင်းသားတစ်ဦး #အသတ်ခံရ #မောင်ရာဇာမိုး #Ayeyarwaddy_Times