ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်အရ တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနဟာ သမ္မတ ယွန်ဆတ်ခ်ယိုကို ပြည်ပသွားခွင့် ပိတ်ပင်လိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်မှုကြောင့် သမ္မတ ယွန်ဆတ်ခ်ယို ရာထူးမှနှုတ် ထွက်ရေး ဆွေးနွေးဖို့ အာဏာရပါတီက အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပနေစဉ် အခုလို သမ္မတ ကို ပြည်ပထွက်ခွင့် ပိတ်ပင်လိုက်တာပါ။

နိုင်ငံတော်သစ္စာဖောက်မှု၊ အာဏာအလွဲသုံးစားမှု စွဲချက်တွေနဲ့ သမ္မတကို မေးမြန်းစစ်ဆေးနေ တယ်လို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက ပြောပါတယ်။

ယွန်ဆတ်ခ်ယိုအား စစ်အုပ်ချုပ်ရေးအမိန့် ကြေညာဖို့ ယွန်ဆတ်ခ်ယိုအား အကြံပေးမှု သံသယနဲ့ အစိုးရရှေ့နေတွေက ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယောင်ဟွန်ကို ဖမ်းဆီးကာ မေးမြန်းနေပါတယ်။

သူ့ရဲ့တပ်ဖွဲ့ဟာ ကံမကောင်းစွာနဲ့ပဲ ကင်ယောင်ဟွန် အသုံးပြုတာခံရသူတွေ ဖြစ်ခဲ့တယ်လို့ စစ် အုပ်ချုပ်ရေးအမိန့် ကြေညာမှုမှာ ပါဝင်ခဲ့တဲ့ အထူးတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

ယွန်ဆတ်ခ်ယိုအား တရားစွဲဆိုမယ့် နောက်ထပ်အဆို တင်သွင်းမယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံပါတီက ပြောပါတယ်။ အဆိုကို မဲခွဲဖို့ စနေနေ့မှာ တင်သွင်းမယ်လို့ ဒီမိုကရက် တစ်ပါတီ အကြီးအကဲ လီဂျေမြောင်က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဆိုးလ်မြို့တော်ရှိ လွှတ်တော်ရုံးရှေ့မှာ စုဝေးခဲ့ကြပါတယ်။ “သူ့လုပ်ရပ်တွေအ တွက် တာဝန်မယူနိုင်တဲ့ သမ္မတတစ်ဉီး အာဏာရှိသင့်လားဆိုတာ ကျွန်တော်သံသယရှိပါတယ်” လို့ ဆန္ဒ ပြသူတစ်ဉီးက ပြောပါတယ်။

“သမ္မတ ယွန်ဆတ်ခ်ယိုကို တရားစွဲဆိုပြီး အာဏာရပါတီကို ဖျက်သိမ်းသင့်ပါတယ်” လို့ နောက် ထပ် ဆန္ဒပြသူတစ်ဉီးက ပြောပါတယ်။

ကိုးကား – NHK
Ref; South Korea president Yoon Suk-yeol banned from leaving country

#Ayeyarwaddy_Times