ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၀ ရက်

ဇန်နဝါရီလအတွင်း အစိုးရသစ် ဖွဲ့စည်းပြီးပါက အမေရိကန်နိုင်ငံရဲ့ ယူကရိန်းသို့ပေးအပ်တဲ့ အ ကူအညီကို လျှော့ချဖွယ်ရှိတယ်လို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့တဲ့ NBC ရုပ်သံဌာနဲ့ အင်တာဗျူးတစ်ခုမှာ ဒေါ်နယ်ထရမ့်က အရေး ပါသော ပြည်တွင်းနဲ့ နိုင်ငံတကာအရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်တွေကို ပြောကြားခဲ့တာပါ။

သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးပါက အမေရိကန်နိုင်ငံမှ အကူအညီပေးမှု နည်းပါးလာနိုင်မှု အတွက် ယူကရိန်းနိုင်ငံက ပြင်ဆင်ထားသင့်ပါလားလို့ မေးမြန်းရာမှာ “သေချာတာပေါ့” လို့ ဒေါ်နယ်ထ ရမ့်က ဖြေပါတယ်။

ရုရှားနဲ့ယူကရိန်းကြားစစ်ပွဲကို အဆုံးသတ်ဖို့ သူက ကြိုးစားနေတယ်လို့ ဒေါ်နယ်ထရမ့်က ပြော ပြီး နှစ်ဖက်စလုံးမှာ ထောင်ချီတဲ့ပြည်သူတွေ သတ်ဖြတ်ခံနေရတယ်လို့ ဆိုပါတယ်။

သမ္မတတာဝန်ယူနေချိန်မှာ အမေရိကန်နိုင်ငံက နေတိုးအဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမှာလား လို့ မေးမြန်းရာမှာ “နေတိုးအဖွဲ့ဝင်တွေက ကုန်ကျစရိတ်ကို မျှဝေခံရင် မျှတစွာ ဆက်ဆံရင် နေတိုးအဖွဲ့ နဲ့ ဆက်လက်ပူးပေါင်းပါမယ်” လို့ သူက ပြောပါတယ်။

ရာဇဝတ်မှု ပြစ်မှုမှတ်တမ်းရှိတဲ့ အမေရိကန်နိုင်ငံတွင်းမှ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ ကို နှင်ထုတ်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ ကာပီတိုလ်တိုက်ခိုက်မှုမှာ တရားစွဲဆိုခံထားရတဲ့ သူ့ရဲ့ထောက်ခံသူတွေနဲ့ပတ်သက်လို့လည်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပြီး သူ သမ္မတအဖြစ် စတင်ထမ်း ဆောင်တဲ့ ပထမဆုံးနေ့မှာ အမှုအခြေအနေကိုကြည့်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်လို့ ဆိုပါတယ်။

ကိုးကား – NHK
Ref; Trump suggests US may reduce aid to Ukraine after he takes office

#Ayeyarwaddy_Times