ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်

ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ်အာဆတ်နဲ့ သူ့ရဲ့မိသားစုဟာ မော်စကိုမြို့သို့ ရောက် လာခဲ့ပြီလို့ ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက သမ္မတရုံး သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး တနင်္ဂနွေ နေ့က ပြောပါတယ်။

ရုရှားနိုင်ငံက လူသားချင်းစာနာထောက်ထားမှုကို ထည့်သွင်းစဉ်းစားကာ အာဆတ်နဲ့မိသားစုကို ခိုလှုံခွင့်ပြုခဲ့တာလို့ အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

ရုရှားနိုင်ငံက ဆီးရီးယားအကျပ်အတည်းအတွက် နိုင်ငံရေးအဖြေရှာမှုကို ထောက်ခံကာ ကုလသ မဂ္ဂရဲ့ ဉီးဆောင်မှုအရ စေ့စပ်ညှိနှိုင်းမှုတွေ ပြန်လည်စတင်ဖို့ လိုအပ်တယ်လို့ သတ်မှတ်ကြောင်း သတင်း က ဖော်ြပပါတယ်။

ဒမာစကပ်မြို့ဟာ အာဆတ်ရဲ့လက်ကနေ လွတ်မြောက်ပြီဖြစ်ကာ ယင်းမြို့ကို ထိန်းချုပ်လိုက်ပြီ ဖြစ်လို့ အာဆတ်ရဲ့အုပ်ချုပ်မှု ပြီးဆုံးသွားပြီလို့ အစိုးရဆန့်ကျင်ရေးအဖွဲ့က နိုင်ငံပိုင်ရုပ်သံဌာနမှတစ်ဆင့် ကြေညာခဲ့ပါတယ်။

ဒမာစကပ်မြို့ရဲ့ အခြေအနေက ရှင်းရှင်းလင်းလင်း မသိရသေးဘဲ သမ္မတ အာဆတ်က ထွက်ပြေး သွားပြီလို့ သူပုန်အဖွဲ့တွေက ပြောပါတယ်။ သူပုန်တွေရဲ့ပြောဆိုချက်ဟာ မမှန်ကန်ဘူးလို့ အာဆတ်အစိုး ရက လူမှုကွန်ရက်မှာ ပြောပါတယ်။

သူပုန်အဖွဲ့တွေက ဆီးရီးယားတောင်ပိုင်း ဒေသအများစုကို ထိန်းချုပ်ခဲ့ပြီး အစိုးရတပ်ဖွဲ့တွေက အနောက်တောင်ပိုင်း ဒေသ (၃) ခုမှ ဆုတ်ခွာခဲ့ရတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့ လာရေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်း အတိုက်အခံတပ်ဖွဲ့တွေဟာ လက်ဘနွန်နဲ့ယူကရိန်း ပဋိပက္ခတွေကို အားသာချက်ရယူကာ နယ်မြေသိမ်းပိုက်မှုတွေ ရရှိခဲ့ပါတယ်။

အဆိုပါပဋိပက္ခတွေက အာဆတ်အစိုးရအဖွဲ့ထံ လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ရုရှားနိုင်ငံရဲ့ စစ်ရေးအကူအညီပေးဖို့ ကြိုးပမ်းမှုတွေကို ဟန့်တားမှုဖြစ်စေပါတယ်။

အာဏာရှင်သမ္မတအာဆတ် ထွက်ပြေးသွားတဲ့အတွက် ဆီးရီးယားပြည်သူတွေဟာ ဒမားစကပ်မြို့ လမ်းမတွေပေါ်မှာ ဆီးရီးယားတော်လှန်ရေးအလံ‌ေ၀ှ့ရမ်းပြီး ပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ် အာရပ်‌နွေဦးတော်လှန်ရေးနဲ့အတူ စတင်ခဲ့တဲ့ ဆီးရီးယားတော်လှန်ရေးဟာ ၁၄ နှစ်အကြာမှာ အာဏာရှင် အာဆတ်အစိုးရပြုတ်ကျပြီး အောင်ပွဲရခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား – Xinhua/NHK
Ref; Assad and his family arrive in Moscow
#Ayeyarwaddy_Times #ဆီးရီးယား #အာဆတ်