
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
နိုင်ငံတော်သစ္စာဖောက်မှု၊ အာဏာအလွဲသုံးစားမှုနဲ့ သမ္မတ ယွန်ဆတ်ခ်ယိုအား စုံစမ်းစစ်ဆေးနေ တယ်လို့ တောင်ကိုရီးယား အစိုးရရှေ့နေရုံးမှ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
မဲပေးသူမပြည့်မီတာကြောင့် သမ္မတ ယွန်ဆတ်ခ်ယိုအား တရားစွဲဆိုဖို့အဆို မအောင်မြင်ခဲ့ပြီး နောက် တနင်္ဂနွေနေ့က ဆိုးလ်မြို့တော်ရှိ လွှတ်တော်ရှေ့မှာ လူအုပ်တွေ စုဝေးခဲ့ပါတယ်။
သမ္မတ ယွန်ဆတ်ခ်ယိုအား စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ဖို့ အကြံပြုခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး ဟောင်း ကင်ယောင်ဟွန်ကိုလည်း တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီး လီဆန်မင်ကလည်း တနင်္ဂနွေနေ့က ရာထူးမှနှုတ်ထွက်ဖို့ တင်ပြခဲ့ပါတယ်။ ယွန်ဆတ်ခ်ယိုကို မကူညီနိုင်တဲ့ သူ့ရဲ့တာဝန်ကို ရိုးသားစွာ ဝန်ခံကြောင်း လီဆန်မင်က ပြောကြားခဲ့ပြီး ပြည်သူတွေကို တောင်းပန်လိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီး လီဆန်မင်ရဲ့ နှုတ်ထွက်စာကို လက်ခံခဲ့ပြီလို့ တောင်ကိုရီးယားသမ္မတရုံးက ပြောကြားပါတယ်။
ယွန်ဆတ်ခ်ယိုရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်နဲ့ပတ်သက်လို့ တိုင်တန်းမှုတွေများစွာ လက်ခံရရှိခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရရှေ့နေရုံးက ပြောပါတယ်။
ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့အကြီးအကဲက ဖွဲ့စည်းပုံအခြေခံဉပဒေနဲ့မညီဘဲ နိုင်ငံတော်ရေးရာကို တာဝန်ယူပါက ဒုတိယအကြိမ် သူပုန်ထမှုဖြစ်လိမ့်မယ်လို့ အကြီးမားဆုံး အတိုက်အခံ ဒီမိုကရက်တစ်ပါ တီခေါင်းဆောင် လီဂျေမြောင်က ပြောပါတယ်။
ယွန်ဆတ်ခ်ယိုအား တရားစွဲဆိုဖို့ သေချာပေါက် လုပ်ဆောင်မယ်လို့ သူက ဆက်ပြောပါတယ်။ ဒီ မိုကရက်တစ်ပါတီက သမ္မတအား တရားစွဲဖို့ နောက်ထပ်အဆိုတင်သွင်းဖို့ စီစဉ်နေပါတယ်။
ကိုးကား – NHK
Ref; South Korean President Yoon probed for alleged treason, power abuse
#Ayeyarwaddy_Times