
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
ရုရှားကျူးကျော်စစ်ကို ဆက်လက်ပြီး ခုခံနိုင်ဖို့ ယူကရိန်းသို့ ဒေါ်လာ (၉၈၈) သန်းတန်ကြေးရှိ စစ်လက်နက်တွေ ထောက်ပံ့မယ့်အစီအစဉ်တစ်ခုကို အမေရိကန်နိုင်ငံက ကြေညာလိုက်ပါတယ်။
အမေရိကန်အစိုးရဟာ ပြည်တွင်းကာကွယ်ရေးကုမ္ပဏီတွေထံမှ စစ်လက်နက်တွေဝယ်ယူဖို့ လုပ် ဆောင်လျက်ရှိပြီး ယခုအစီအစဉ်ဟာ ယူကရိန်း လုံခြုံရေးအကူအညီအစီအစဉ်ရဲ့ ဒေါ်လာ ၂ ဒသမ ၂၁ ဘီ လီယံကို ထက်ဝက်သက်သာစေပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ပေးအပ်မယ့် စစ်လက်နက်တေွထဲမှာ HIMARS ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အမြောက်ကိရိယာတွေ ပါဝင်တယ်လို့ ပင်တဂွန်က ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်မှာကျင်းပတဲ့ ရီဂင်ကာကွယ်ရေးဖိုရမ်မှာ ကာကွယ်ရေးကုမ္ပဏီတွေနဲ့ မူဝါဒချမှတ်သူတွေ တွေ့ဆုံစဉ် အမေရိကန်နိုင်ငံက ယူကရိန်းသို့ စစ်လက်နက်ထောက်ပံ့ဖို့ ကြေညာခဲ့ တာပါ။
အရေးပေါ်အခြေအနေမှာ ကွန်ဂရက်ရဲ့ အတည်ပြုချက်မလိုပဲ စစ်လက်နက်တွေကို ယူကရိန်းသို့ လွှဲပြောင်းပေးဖို့ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက Presidential Drawdown Authority ကို မကြာခဏဆိုသ လို အသုံးပြုခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ခွင့်ပြုထားတဲ့ ရန်ပုံငွေတွေ အပါအဝင် အမေရိကန်အစိုးရမှာ ကွန်ဂရက်က ခွင့်ပြုထားတဲ့ ရန်ပုံငွေ ဒေါ်လာ (၆) ဘီလီယံခန့် ရှိနေဆဲလို့ သိရပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ရုရှားကျူးကျော်စစ်နောက်ပိုင်း အမေရိကန်နိုင်ငံဟာ ယူကရိန်းသို့ ဒေါ်လာ (၆၂) ဘီလီယံတန်ကြေးရှိ လုံခြုံရေးအကူအညီပေးဖို့ ကတိပြုခဲ့ပါတယ်။
ကိုးကား – Reuters
Ref; US unveils $988m aid package for Ukraine including rockets and drones
#Ayeyarwaddy_Times