ဓာတ်ပုံ - အလယ်တိုင်းအထူးစစ်ဆင်ရေးအဖွဲ့

ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၈ ရက်

ကယားပြည်နယ် ၊ ဖရူးဆိုမြို့နယ်၊ ဆိုလူးရွာအနီး တပ်စွဲထားသော စစ်ကောင်စီတပ်သားများ နှင့် အလယ်တိုင်းအထူးစစ်ဆင်ရေးအဖွဲ့များဖြစ်ကြသော Sniper အဖွဲ့ ၊KNDF Sniper အဖွဲ့ နှင့် Loikaw Sniper PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း အလယ်တိုင်းအထူးစစ်ဆင်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၄ ရက် နေ့မှ စ၍ ပူးပေါင်းတိုက်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား Sniper တစ်ဦးသေဆုံးခဲ့ပြီး ဩဂုတ်လ ၁၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရပြီး အဆိုပါ ပူးပေါင်းတပ်ဖွဲ့များမှ တပ်သားများ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အလယ်ပိုင်းဒေသ အထူးစစ်ဆင်ရေးအဖွဲ့များ အနေဖြင့် ဒေသခံ မဟာမိတ် ညီနောင်များနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျသွားသည့်တိုင် ပုံသဏ္ဌန်မျိုးစ‌ံု ၊ တိုက်ခိုက်နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရေးသားထုတ်ပြန်ထားသည်။
သိရှိရပါသည်။